အပိုင်း၁၂

3K 237 3
                                    

ဒေါက်ဒေါက်

အခန်းတံခါးခေါက်သံကြောင့် ဖွဲ့ ရုံးခန်းတံခါးနားကိုကြည့်လိုက်လေသည်။

"ဒေါ်မြတ်သူဇာဖွဲ့ တို့များ မပြောချင်ဘူးနော်..ကလေးလဲမဟုတ်ပဲ file တွေကိုနေ့တိုင်းမေ့နေတော့တာပဲ"

"အမလေး ဒီနေ့တော့တကယ်မေ့တာပါနော်."

"မနေ့ကတကယ်မေ့တာမဟုတ်ဘူး"

"စကားကို ကပ်သီးကပ်ဖဲ့မမေးပါနဲ့သော်ရယ် .ခဏနေရင်အန်တီအစည်းဝေးရှိလို့"

"အော်.ဟုတ်."

"ကျေးဇူးပဲ လာပို့ပေးလို့ သွားတော့မယ်"

"အန်တီ သော်စောင့်နေမယ်နော်.မနက်စာတူတူသွားစားကြရအောင်"

"အစည်းဝေးကဘယ်လောက်ကြာမလဲမသိဘူးနော်"

"ရတယ် စောင့်မယ်"

ဖွဲလည်းတစ်ချက်ပြုံးပြပြီး ရုံးခန်းအတွင်းမှထွက်လာခဲ့သည်။

ဖွဲ့ဟာသော်တစ်ယောက်ထဲနှင့် သာအရီအပြုံးရှိပြီး
အခြားသူတွေနဲ့ဆိုရင်တော့ အရင်အတိုင်း ခက်ထန်သော မျက်လုံး မာန်ပါသော နှုတ်ခမ်းသားများက တစ်ချက်မျှတွန့်သွားခြင်းမရှိပဲ
တည်ငြိမ်လေးနက်နေလေ၏ ။

အခန်းပြင်ကိုထွက်သွားတဲ့ ဖွဲ့ကို ငေးကြည့်နေမိသည်။
သူမအလှကိုအကြိမ်ကြိမ်အခါခါ ငေးဖူးပါလျက် သူမှအလှမှာ အကြိမ်ကြိမ်အခါခါ သေရပြန်ပြီ။
ဖြူဥနေသောခြေဖဝါးအောက် မနိမ့်မမြင့်ဒေါက်လေးနဲ့ ခြေတစ်လှမ်း လှမ်းတာကအစ လှနေရောပါပဲ။

တစ်နာရီလောက်ကြာပြီးမှ ဖွဲ့ ပြန်ရောက်လာလေသည်။

"သော်"

ဖုန်းကြည့်နေသော သော့်၏အနောက်မှ ဖွဲ့ခေါ်လိုက်လေသည်။

"အော်.အန်တီ အစည်းဝေးပြီးပြီပေါ့"

" အင်း မနက်စာစားမယ်ဆို သွားမယ်လေ"

"ဟုတ်"

ဖွဲ့က ရုံးခန်းအ​ပြင်မှစလို့ ကားနားရောက်သည်အထိ အပြုံးမရှိသောမျက်နှာနှင့်သာ။
နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုကိုထွက်လာခဲ့လေသည်။

"အန်တီ"

"ဟင်"

"အန်တီက ဘာလို့သိပ်မပြုံးတာလဲ"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now