အပိုင်း၁၃

3K 238 6
                                    

"အန်တီရေ အန်တီ မှာထားတဲ့ နွားနို့နဲ့ အသီးတွေလာပို့ပြီ"

"အော် အင်း အန်တီထွက်လာပြီ"ဟုပြောပြီး ပြာပြာသလဲ ရေချိုးခန်းမှထွက်လာလေသည်။

"အန်တီက ထဘီနဲ့လဲ ​လှသလို ခုလို ညအိပ်ဘောင်းဘီလေးနဲ့ ကြည့်ကောင်းတာပဲ"

"မြှောက်ပြီ သော့်ဖို့လဲပါတယိနော်..ထပ်စားချင်ထပ်မှာလိုက်"

"အကောင်းပြောတာပါအန်တီရဲ့ မုန့်စားချင်လို့ပြောတာမဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်ရှင်..."

~

"အန်တီ"

"ဟင်"

"...."

"ဘာပြောမလို့လဲ ပြောလေ"

"ဟို....အန်တီ့နှုတ်ခမ်းမှာ..."

"ဘာလဲလို့"

"နွားနို့ကမလိုင်ဖတ်လေးတွေကပ်နေတယ်"

"အင်း သုတ်ပေးလေ"ဟုပြောပြီး နှုတ်ခမ်းလေးအားဆူကာ ရှေ့တိုးလာလေသည်။

"ပြွတ်."

ကလေးတစ်ယောက်လို အူယားစရာကောင်းတဲ့အမူရာလေးကြောင့် သော်တစ်ယောက်စိတ်မထိန်းနိုင်ပဲ အန်တီ့၏ အပေါ်နှုတ်ခမ်းလေးကို ငုံ၍ဖိကပ်ကာ လျှပ်တစ်ပြတ်နမ်းလိုက်မိသည်။

"အို..ဘာလုပ်တာတုန်း"

မိမိ၏ နှုတ်ခမ်းလေးကို ကိုင်ကာ ရှက်သွေးဖြာနေသောဖွဲ့။
ဖြူအုနေသောပါးနှစ်ဖက်လေး ရဲတက်သွာသည်မှာ အတိုင်းသားပင်မြင်ရလေသည်။

"ဟို...တစ်ရှူးမတွေ့လို့လေ အဲ့ဒါကြောင့်"

"အသားယူတယ်နော် လူယုတ်မာ သေနာလေး"

"ဟယ်.ဆဲတယ်ဟ..အန်တီအရမ်းရိုင်းတာပဲ"

"တော်တော့ စိတ်ဆိုးတယ်"

ဟုပြောပြီး ထိုင်ခုံမှ မိမိကုတင်ပေါ်သို့တက်ကာ စောင်ကိုခေါင်းမြှိးခြုံနေလေသည်။

"အန်တီညစ်ပတ်ရေ...အိပ်ခါနီးသွားမတိုက်တော့ဘူးလား"

"မတိုက်ဘူး"ဟုပြောပြီး စောင်တွင်းမှ တစ်ရှုံ့ရှုံနှင့်ငိုနေလေသည်။

"ဟင်...အန်တီ ငိုနေတာလား "

​ေသာ်ဖွဲ့၏ ကုတင်ပေါ်သို့သွားပြီး စိုးရိမ်တကြီးနှင့်မေးလိုက်သည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now