အချိန်အတော်ကြာအနားယူအိပ်ပျော်သွားပြီး ကျွန်မနိုးလာသည့်အချိန်မှာ မြန်မာစံတော်ချိန် လေးနာရီခွဲလေပြီ။
လေယဥ်ကို ဖင်ပူအောင်စီးခဲ့ရတာကြောင့်
အိပ်ရေးလဲပျက်နှင့်ပင် အကြာကြီးအိပ်ပျော်သွားသည်ထင်ပါသည်။ကြီးမားလှတဲ့ ခြံဝန်း အိမ်နဲ့ဒီအခန်းထဲမှာ ကျွန်မအတော်ပင်အထီးကျန်လှပါသည်။
ဟိုမှာလို သူငယ်ချင်းတွေနဲ့လဲ club တွေbar တွေလဲသွားမရ။အိမ်ထဲကအိမ်ပြင်ထွက်ဖို့တောင် ကျွန်မအတွက်ခက်ခဲပေလိမ့်မည်။ပြတင်းပေါက်နားသို့ထွက်ကြည့်ရာ နေရောင်ကိုပင်မမြင်ရသေးပါ။
အစောကြီးရှိသေးတာကြောင့်အိပ်ယာပေါ်မှာပဲ နေ၍ သူငယ်ချင်းများထံစာပို့ အင်တာနက်ဖွင့် ဟိုကြည့်ဒီကြည့်နှင့် ငါးနာရီပင်ခွဲလေပြီ။နေအလင်းရောင်လေးအနည်းငယ်မြင်နေရပြီ အာရုံဦးအလှကိုလဲ ပြတင်းပေါက်ကနေ အသေချာကိုမြင်ရသည်။
"ဂွီ ဂွီ...Shit! ဗိုက်ဆာလိုက်တာ"တစ်ညလုံးဘာမှမစားရသေးသဖြင့် ဗိုက်က ဆန္ဒပြနေလေပြီ။
ထို့ကြောင့်ရေမိုးချိုးပြီးအောက်ထပ်သို့ဆင်းလာခဲ့လေသည်။ဦးမျိုးနိုင်ကတော့ ထမင်းစားခန်းမှ ကျွန်မကိုေစာင့်နေသည်ထင်ပါသည်။ထမင်းစားခန်းဝင်ဝင်ခြင်း စားပွဲ၌ သတင်းစာဖတ်နေသော ဦးမျိုးနုင်ကိုတွေ့၏။
"Uncle... Morning "
"Morning ပါ သမီး ကောင်းကောင်းအိပ်ပျော်ရဲ့လား"
"အိပ်ပျော်ချက်က uncle ရယ် တစ်ရေးတောင်မနိုးဘူး"
"ညက ညစာစားဖို့ ဒေါ်နွဲ့ကိုခေါ် ခိုင်းသေးတယ် သမီးအိပ်နေတယ်တဲ့"
"ဟီးးး ခရီးကလဲဝေးပြီး အိပ်ရေးတွေလဲပျက်ခဲ့တာကြောင့်ပါ uncle"
"ဒါပေါ့ကွယ် လမ်းခရီးက နီးနီးလေးမှမဟုတ်ပဲ"
"uncleဒေါ်နွဲ့ကို ပေါင်မုန့်ကြက်ဥကြော်ပဲ လုပ်ခိုင်းထားတယ် သမီးစားပါတယ်နော်"
"ဟုတ်ကဲ့ စားပါတယ်"
စကားဖောင်ဖွဲ့ကာ မနက်စာစားအပြီးတွင် အခန်းရှိရာ အပေါ်သို့တက်လေသည်။
ESTÁS LEYENDO
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။