အပိုင်း ၃၁

2.4K 149 32
                                    

စပျစ်ခြံထဲလှည်ပတ်ကြည့်ရှုရင်း ငြိမ်းရသော် ဖုန်းဝင်လာသည်မို့ ဘောင်းဘီအိတ်ကတ်ထဲကဖုန်းကိုထုတ်လိုက်လေသည်။Mine ဆိုတဲ့ contact က name ကြောင့်ချက်ချင်းပင်ဖုန်းကိုင်လိုက်လေသည်။
"အစည်းအဝေးပြီးပြီလားအချစ် မြန်လိုက်တာ"
"ဒေါ်မြတ်သူဇာဖွဲ့ရဲ့ အသိမိတ်ဆွေလားခင်ဗျ့"
"ဟုတ်.ဟုတ်ကဲ့"
တစ်ဖက်ကအသံကယောက်ျားလေးတစ်ယောက်အသံဖြစ်သည်။ဖုန်းရဲ့contact ကိုပြန်ကြည့်တော့လဲ နာမည်က mine ဆိုတာသေချာသည်။ဟိုဘက်ကဘာပြောမလဲကိုသာ သော်ဆက်နားထောင်နေမိသည်။
"ဒေါ်မြတ်သူဇာဖွဲ့ car accident ဖြစ်လို့ ပင်လုံဆေးရုံကိုပို့ဆောင်နေပါတယ်ခင်ဗျ့ လိုအပ်တဲ့ကုသမှုတွေလုပ်ဖို့အတွက် အမြန်လာပေးပါဗျ့"
ထိုလူဟာ ဖွဲ့လက်ကိုင်အိတ်ထဲက phone book ကိုတွေ့သည်မို့ နောက်ဆုံးမှတ်ထားသည့်နံပါတ်ကိုခေါ်လိုက်ခြင်းဖြစ်သည်။
"ရှင်..."
သော် ချက်ချင်းပဲ ရန်ကုန်အိမ်ကိုဖုန်းဆက်ကာ သူကိုယ်တိုင်လဲ ရန်ကုန်လိုက်ဖို့အမြန်ပြင်ရသည်။
ရင်ထဲ ဖြစ်နေတဲ့ခံစားချက်ကိုလဲ ပြောပြ၍မရပေ။
ဆက်တိုက်ကျဆင်းနေသောမျက်ရည်တို့ဟာလဲ ထိန်းချုပ်လို့မရသလို ထိုအမျိုးသမီးအဘယ်မျှကြောက်နေမလဲဆိုတာကိုသာတွေးနေမိသည်။

ရှစ်နာရီကျော်လောက်ကားမောင်းရမည့်ခရီးဟာ ခုနှစ်နာရီလောက်နဲ့ ထိုဆေးရုံကို ငြိမ်းရသော်ရောက်လေသည်။ဆေးကောင်တာက ညွှန်လိုက်တဲ့အခန်းကိုရောက်တော့ အခန်းရှေ့မှာတင် ကြီးကြီးနွဲ့ကိုတွေ့ရသည်။
"ကြီးကြီး အန်တီရော"
မောကြီးပန်းကြီးနဲ့ အနားရောက်လာတဲ့ ငြိမ်းရသော်ကြောင့် ဒေါ်နွဲ့ဟာ ဒီကလေးဟာ ဖွဲ့အပေါ်တော်တော်သံယောဇဥ် ရှိလှတယ်လို့တွေးမိသည်။ညကြီးမင်းကြီးရောက်ချလာတာမို့လဲ အံသြမိသည်။
"အခန်းထဲမှာ မေ့ဆေးအရှိန်ကြောင့်မနိုးသေးဘူး"
"အန်တီ့အနားမနေပဲ ကြီးကြီးကဘယ်သွားမလို့လဲ"
"ဦးမျိုးနိုင် စားဖို့ တစ်ခုခုသွားဝယ်မလို့ပါ သူလဲဘာမှမစားရ​ေသးသလို ကြီးကြီးတို့လဲဘာမှမစားရသေးလို့လေ"
"အင်း သွားလေ သော်ဝင်ကြည့်လိုက်အုံးမယိ"

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ drip set တန်းလန်း အောက်ဆီဂျင်စက်တန်းလန်း အပြင် ခန္ဓာကိုယ်ပေါ်ကဒဏ်ရာများဟာမြင်ရက်စရာမရှိပေ။
မြင်မြင်ချင်း ငြိမ်းရသော်စွံအသွားရသည်။
အခြေအနေဘယ်လိုရှိလဲလို့မေးဖို့အောင် အင်အားမရှိတော့ပေ။
ဘေးမှာ မတ်တပ်ရပ်လျက် ကြိတ်ငိုနေတဲ့ ငြိမ်းရသော်ကို ဦးမျိုးနိုင် စိတ်မကောင်းစွာကြည့်နေမိသည်။မမေးပါလဲ သိသင့်သည်ထင်လို့ ဖွဲ့ရဲအဖြေအနေကို ဦးမျိုးနိုင်ပြောပြသည်။
"အရှိန်ပြင်းပြင်းနဲ့သစ်ပင်ကိုဝင်တိုက်မိတာတဲ့ ကားထဲညှပ်နေတာကိုအတော်ဆွဲထုတ်ယူရတာမို့ ဖွဲ့...သမီးဖွဲ့ရဲ့..."
ဆက်ပြောဖို့ပင် ဦးမျိုးနိုင် တွန့်စုတ်သွားမိသည်။
"ဖွဲ့ရဲ့ ခြေထောက်နှစ်ချောင်းက အရိုးတွေကြေသွားတယ် သမီး"
"ရှင်.."
မတ်တပ် ဆက်ရပ်ဖို့ပင်ခွန်အားမရှိတော့ပဲ တမလင်ခွေ ထိုင်ချမိလိုက်သည်။ဦးမျိုးနိုင်ကလဲ ထိုင်ခုံပေါ်မှ ထ၍ ငြိမ်းရသော်ကိုဖတ်ကာနှစ်သိမ့်ပေးသည်။ငြိမ်းရသော် ဦးမျ်ူးနိုင်ကို ဖတ်၍ ရှိုက်ကြီးတငင်ငိုကြွေးမိသည်။
ထိုညက လူနာစောင့်ကုတင်၌ ဦးမျိုးနိုင်က အိပ်လေသည်။ကြီးကြီးနွဲ့က ​သော်နဲ့အတူ မအိပ်ပဲ စောင့်ပေးသည်။လက်လေးကိုင်ထားပေးချင်ပေမဲ့ ဖွဲ့လက်လေးနာမှာစိုးလို့ ငြိမ်းရသော်ကိုင်မထားရက်ပေ။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now