စပျစ်ခြံမှအိမ်ထဲသို့အရောက်မီးဖိုချောင်ထဲဝင်ကာ ထမင်းပွဲပြင်ပြီးမှ ဖွဲ့ရှိရာအပေါ်သို့တက်လာခဲ့သည်။စေ့လျက်အနေအထားဖြစ်ရှိတဲ့ ဖွဲ့ရဲ့အခန်းတံခါးကြောင့် မဝင်ရသေးပါပဲ တံခါးရှေ့မှမတ်တပ်ရပ်၍ အထဲရှိဖွဲ့က်ုငေးကြည့်နေမိသည်။Laptop ကို ခေါင်းအုံးခံ၍ ပေါင်ပေါ်တင်ထားသည့်အနေအထားပင်။စာကြည့်မျက်မှန်အဝိုင်းအကြီးကြီးကိုလဲတပ်ထားသေး။နှစ်ခေါက်လောက်သာခေါက်တင်ပြီးညှပ်စည်းထားတဲ့ဆံနွယ်ရှည်။မနက်ကလို ပျော့ခွေခွေအမျိုးသမီးပုံစံတော့မဟုတ်တော့ပေ။အကြာကြီးရင်ခွင်ထဲဝင်ကာခေါင်းတိုးငိုထားရသည်မို့ မျက်နှာပေါ်၌ ဝမ်းနည်း ရိပ်လေးသန်းနေသေးသယောင်။သိလိုက်ရတာတစ်ခုကတော့ သူမဟာ.တစ်ယောက်ထဲဘဝကိုရပ်တည်နိုင်တဲ့အမျိုးသမီးကြီးဖြစ်သော်ငြား တစ်ခါတစ်လေဆိုရင်တော့ ရင်ခွင်ထဲတိုးချွဲနွဲ့ပြီးကလေးဆန်ချင်သည်ဆိုတာကိုပါပဲ။ဒါဟာ အမျိုးသမီးတိုင်းလို့တော့ ယူဆမိပါရဲ့။
တံခါးမခေါက်ရင်လဲစိတ်ဆိုးအုံးမည်ဖြစ်တာကြောင့် တံခါးက်ုသာအရင်ခေါက်၍ဝင်ရသည်။ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ပြီး
"အနားယူဖို့လာတာမဟုတ်ဘူးလား အလုပ်တွေကိုခဏလောက်ရပ်ထားလိုက်ပါအန်တီရယ်."
ဖွဲ့မျက်မှန်ကိုချွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ
"ဝင်ငွေထွက်ငွေမကိုက်လို့ပြန်စစ်နေတာပါ ခြံထဲကပြန်လာတာပေါ့"
သော်ခေါင်းသာငြိမ့်ပြသည်။
"မနက်ဖြန် မှပဲ ခြံထဲလိုက်တော့မယ် ညနေလဲမသွားချင်သေးဘူး"
"အင်း ထမင်းပွဲအောက်မှာပြင်ထားတယ် စားတော့မလား အစကတော့ ထမင်းစားဖို့လာခေါ်ချင်စိတ်ရှိပေမဲ့ ခုတော့ တကယ်ခေါ်ချင်စိတ်ပျောက်တာ"
"ကျွန်မဘာများလုပ်မိလို့လဲ ရှင်ကလဲ"
"လုပ်တယ်လေ သော်မသွားခင်ကအန်တီ့က်ုသေချာပြောခဲ့တာမဟုတ်ဘူးလား နားနားနေနေနေပါ အလုပ်မလုပ်မလုပ်ပါနဲ့အုံးဆိုတာကိုလေ အခုကြည့် ဝင်ငွေထွက်ငွေ စစ်တာတဲ့ ပိုက်ဆံတွေတွက်ရတာဘယ်လောက်ခေါင်းကိုက်တယ်ထင်လဲ ပြီးတော့ နေမကောင်းဖြစ်ရင်တောင်ဆေးရုံကမတက်ချင် ဆေးသောက်ခိုင်းရင်လဲ ဆေးတွေက်ုခ်ုးပြီးလွှင့်ပစ်ရတာနဲ့ နောက်ဆိုပြောစကားနားထောင်ပါ ဒေါ်မြတ်သူဇာဖွဲ့ရယ်"
တတွတ်တွတ်နှင့် စက်သေနတ်လွှတ်သလိုပင်။
ဖွဲ့တည်တည်ကြည်ကြည်နှင့်ပဲ ကုတင်ပေါ်မှထရပ်လိုက်ပြီး
"ပြီးပြီလား ဆူလို့"
"ပြီးပြီ"
"လာ ထမင်းသွားစားမယ်"
"ဟုတ်"
ဒီလိုပါပဲ သူမဟာကိုယ့်အပေါ် အဲ့သလိုသြဇာညောင်းလှတယ်။ကိုယ်တိုင်ကလဲနာခံချင်နေတာကို.။ဘယ်လောက်ပဲ စိတ်ကိုတင်းခံထားထား သူမရဲ့အမိန်ပေးတဲ့လေသံလေးတစ်ချက်ကြားရုံနဲ့ နာခံလျက်သား။နှလုံးသားရဲ့ ခိုင်းစေမှုသာဖြစ်ပါလိမ့်မည်။
ESTÁS LEYENDO
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။