..ဖွဲ့ကို special room ထဲပို့ပြီးမှ သော်တစ်ယောက်စိတ်အေးနိုင်တော့သည်။
အချိန်ကတော့ တစ်နာရီကျော်နေပြီဖြစ်သည်။ကုတင်ဘေးကခုံလေး၌ သော်ဝင်ထိုင်လိုက်ပြီး drip မချိတ်ထားတဲ့ ဘယ်ဘက်လက်လေးအား ဆုတ်ကိုင်ထားလေသည်။
"သမီး ကြီးကြီးစောင့်ပေးလိုက်ပါ့မယ် သမီးပြန်အိပ်လိုက်လေ"
"သော် အိပ်ပျော်မှာမဟုတ်ဘူးကြီးကြီး ဒီတိုင်းလေးပဲစောင့်နေချင်တယ်"
"အင်းပါ ကြီးကြီး တစ်ခုခုသွားဝယ်ပေးမယ်နော်.သမီးလေးလဲမောရောပေါ့"
"ဟုတ်ကဲ့"
သော်ကတော့ ဖွဲ့ရဲ့ လက်ကလေးကိုဆုတ်ကိုင်ထားပေးရင်း
မျက်နှာလေးကိုတစ်စိမ့်စိမ့် ကြည့်ရင်း အခန်းထဲ၌ကျန်ခဲ့လေသည်။ခဏအကြာ ကြီးကြီး က ကော်ဖီဝယ်၍ ပြန်ရောက်လာ လေသည်။
"သမီး ကော်ဖီလေး သောက်ပါအုံး"
"ဟုတ်ကဲ့ ကျေးဇူးပါကြီးကြီး"
"သမီးအသိမြန်လို့ပေါ့ကွယ်.ကြီးနွဲ့ လဲ ပြာယာသွားတာပဲ"
"သော်လဲတူတူပါပဲ"
ကြီးကြီးကို စကားပြန်ပြောနေပေမဲ့ သော့်ရဲ့ အကြည့်တွေကတော့ ဖွဲ့တစ်ယောက်ဆီမှာသာ။
~~~~
မနက်မိုးစင်စင်လင်းတဲ့အထိ သော်တစ်ယောက် အိပ်လို့မရခဲ့ပါဘူး။ကြီးကြီးကတော့အိမ်ပြန်၍အဝတ်စားပြန်ယူလေသည်။မနက် ဆယ်နာရီလောက်မှ ဖွဲ့ သတိပြန်ရလာသည်။
"အန်တီ အန်တီသတိရလာပြီနော်"
ဖွဲ့မျက်လုံးဖွင့်ဖွင့်ချင်း ပြာပြာသလဲ မေးနေသော သော်။
"အင်း"ဟုပြောပြီး ခေါင်းလေးသာငြိမ့်ပြလေသည်။.
"သော်douctor သွားခေါ်လိုက်အုံးမယ် ခဏလေးနော်".
~~~
"ဘာပြသနာမှမရှိတော့ပါဘူး လူနာကို အစားပုံမှန်စားခိုင်းပါ ပြီးတော့ ရေချိုးရင်လဲ အကြာကြီးမချိုးခိုင်းပါနဲ့အုံး စိုးရိမ်စရာဘာမှမရှိတော့ပါဘူး"
YOU ARE READING
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။