Unicode;
"အစ်ကိုကင်မ့်အစ်မရောက်နေတယ်...."
Seokjin လေးတို့အလုပ်ရှုပ်နေပြီဆို အစ်မကြီးကင်မ်တို့ရောက်ချလာပါပြီ…
"အေးအေး ခဏစောင့်ခိုင်းထားလိုက်..."
Seokjin လိတ်လက်စ Gimbap ကိုလက်စသက်လိုက်ပြီး Kitchen Room ထဲမှာအပြင်သို့ထွက်လာခဲ့လိုက်သည်....
…
ဆံပင်ဂုတ်ဝဲကိုမှကော်ဖီရောင်ဆိုးထားတဲ့အစ်မကြီးကင်မ်ကိုသူအဝေးကနေကြည့်တောင်မှတ်မိသည်....
အစ်မကြီးကင်မ်ထိုင်နေတဲ့ဝိုင်းဝင်ကာ အစ်မကြီးကင်မ်အရှေ့မှာ ဝင်ထိုင်လိုက်သည်...အစ်မကြီးကင်မ်ဘေးခုံမှာလည်း အိတ်ကြီးကြီးတစ်အိတ်ကနေရာယူထားသေးတာ...
Seokjin;"အစ်မကြီးကင်မ် ဘေးကအထုပ်ကြီးကဘာကြီးလဲ...!?"
ဆော့ဂျင်အိတ်ကိုမေးငေါ့ပြကာမေးမိတော့ အစ်မကြီးကင်မ်ကအားတက်သရောဖြေလာတော့သည်....
"ငါဂျပန်ကိုအလုပ်ကိစ္စနဲ့ခရီးသွားမလို့..အစ်ကိုကြီးကင်မ်ရေ.."
Seokjin;"ဟင်...ဆိုင်းမဆန့်ဘုံမဆန့် ဗြုန်းစားကြီးပါလား...?"
"ဟုတ်တယ်.. Company ခွဲဖွင့်မှာဆိုတော့အစ်မဂျပန်မှာတစ်လလောက်ကြာလိမ့်မယ်ထင်တယ်.."
Seokjin;"အလုပ်ဆိုတော့သွားရမှာပေါ့...မမကျန်းမာရေးဂရုစိုက်နော်...ကျွန်တော့်ကိုလည်းဖုန်းမကြာမကြာဆက်..."
"အင်းပါ...ငါ့မောင်လည်းအစစအရာရာဂရုစိုက်နော်...ငါကဒီကနေတစ်ခါထဲလေဆိပ်တန်းသွားရမှာ..."
Seokjin;"မမရယ်... အလုပ်ကချက်ချင်းကြီးလား..?"
"အစကမမနေရာမှာတခြားလူကိုထည့်ထားတာ...အခုအဲ့လူကသူ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သူဂျပန်ကိုသွားဖို့အဆင်မပြေဘူး ဆိုပြီး ကောက်ခါငင်ခါကြီးဒီမနက်မှပြောတယ်ဟယ်...အဲ့ဒါနဲ့ငါ့ကို ဥက္ကဠကလိုက်သွားဖို့ Us ကနေလှမ်းအမိန့်ပေးတော့တာပဲ..."
Seokjin;"ဘာပဲဖြစ်ဖြစ်မမကမိန်းကလေးမို့အစစအရာရာဂရုစိုက်နော်..."