Unicode;
တဖြည်းဖြည်းနှင့်ညဆိုင်ပိတ်ချိန်ပင်ရောက်လာခဲ့သည်... Jungkook ဖုန်းကနာရီကိုကြည့်မိတော့ ၇: ၂၈ မိနစ်~
မနက်ထဲကသူရောက်နေတာအခုမိုးတောင်ချုပ်သွားခဲ့ပြီ...Kim Seokjin ဆိုတဲ့လူသားကတော့သူ့ကိုစားစရာတွေလာချပေးပြီးကတည်းကပျောက်သွားလိုက်တာအခုထိပြန်ကိုပေါ်မလာသေးဘူး~
ဘာလဲ!!ခင်ဗျားကျွန်တော်ရှိတာကိုမေ့သွားတာလား~
တစ်ယောက်ထဲတီးတိုးရွတ်နေရင်းပတ်ဝန်းကျင်ကိုကြည့်မိတော့လူအနည်းငယ်ကျဲနေသည်.....
ဆိုင်ကလူကြိုက်များပြီးနာမည်ကြီးတယ်လို့ပြောရမယ်....လူတွေဆိုတာတစ်နေ့လုံးဝင်လိုက်ထွက်လိုက်နဲ့အခုထိတောင်အနည်းငယ်ရှိသေးတာ...ဝင်ထွက်နေတဲ့လူတွေကြားမှာသူတစ်ယောက်သာမနက်ထဲကနေအခုထိငုတ်တုတ်ထိုင်ဖြစ်ခဲ့တာ..သူထိုင်နေတဲ့ခုံဆိုတာလည်း အထိုင်များလို့ပူခြစ်နေပြီး အပူလွန်၍မီးပါထွက်တော့မှာတောင်စိုးရိမ်နေရသည်....
ဆိုင်ကဝန်ထမ်းတွေကလည်းသူ့ကိုမပြန်သေးဘူးလားဆိုတဲ့ပုံနဲ့လာလာကြည့်ကြပေမယ့်လည်း Jeon Jungkook တို့ကခပ်တည်တည်ပဲ စောင့်စရာရှိတာကိုစိတ်ရှည်ရှည်နဲ့ကိုစောင့်နေတာ~
ဗိုက်ဆာရင်ထပ်မှာစားတယ်...အခုတင်အအေးကြီးပဲသောက်တာက ၅ခွက် ကော်ဖီကသုံးခွက်...သူတစ်ယောက်ထဲနေ့တိုင်းလာရင်တောင်ဒီဆိုင်ကဝင်ငွေကောင်းနိုင်တယ်.....
.
.
.သိပ်မကြာပါဆိုင်ပိတ်ချိန်ရောက်လို့နှင့်တူတယ် ဝန်ထမ်းတွေလည်းအလျှိုလျှိုပြန်သွားကြသည်...
အခုထိထွက်မလာသေးသည့် Kim Seokjin ဆိုတဲ့တစ်ယောက်ကအထဲမှာရွှေတူးနေတာများလား~
သူလည်းအထိုင်များတာကြောင့်ထရတော့သည်...ထိုင်တာဘယ်လောက်များလည်းတင်ပါးတွေတောင်ပူထူနေတဲ့အထိပင်...
____
မတ်တပ်ထရပ်တုန်း Kitchen Roomလို့ရေးထားတဲ့နေရာမှထွက်လာသည့်အစ်ကိုကြီးသိပ်ဖြစ်ချင်နေတဲ့သူ... Tshirtအဖြူရောင်အရုပ်အင်္ကျီနှင့် ဂျင်းအပြာနုဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားပြီး ဘေးသိုင်းလွယ်အိတ်ကိုလွယ်ထားကာလက်ထဲမှာလည်းအထုပ်တစ်ထုပ်ပါသေးသည်.....ဒီဇိုင်းကတော့မနက်ကနဲ့မတူဘူး...ကလေးပုံစံနောက်တစ်မျိုးနဲ့ထွက်လာတယ်ပြောရမယ်....