Part-12⚡

1.5K 217 19
                                    

Unicode;

ဆော့ဂျင်သူ့ရဲ့မွေးစားညီလေးကို Sofa ပေါ်မှာခဏစောင့်နေဖို့ပြောကာအခန်းထဲသွား၍ကုတင်ဘောင်ပေါ်ကဖုန်းကိုယူလိုက်သည်…

မနက်ခင်းနိုးလာတိုင်းလုပ်ဖြစ်သည့် သူ့အချစ်လေးပို့ထားတဲ့စာလေးတွေကိုတစ်ချက်စစ်ကာပြုံးလိုက်ပြီး စာတချို့ပြန်ပို့လိုက်သည်…ထို့နောက်ဖုန်းကို Pajamas အင်္ကျီရဲ့အိတ်ကပ်ထဲသို့ပြန်ထည့်လိုက်သည်~

ညကလည်းသူအိပ်ချင်စောနဲ့သူ့အချစ်လေးနဲ့တောင်ခါတိုင်းလိုဖုန်းစကားမပြောခဲ့ရဘူးလွမ်းလိုက်တာ~

Seokjin အခန်းထဲမှပြန်ထွက်ကာ Sofa ပေါ်မှာခြေချိတ်ကာထိုင်နေသည့်ကောင်လေးဆီပြေးသွားလိုက်သည်~ကောင်လေးကသူ့အိမ်သူ့ရာလိုအေးအေးလူလူကိုထိုင်နေတာ~

“Hyung ရေအရင်ချိုးလိုက်အုံးမယ်နော်ပြီးမှတစ်ခုခုစားကြတာ‌ပေါ့ညီလေးရောချိုးချင်လား?"

Jungkook;"ကျွန်တော့်မှာရေချိုးပြီးရင်ဝတ်ဖို့မှမရှိတာမချိုးတော့ပါဘူး”

"ဒါဆိုဒီအဝတ်နဲ့ပဲနေမယ်လို့ဆုံးဖြတ်ထားတာလား?"

Jungkook;"အဲ့လိုကျတော့လည်းမဟုတ်ဘူး…"

ထိုလူသားချောချောလေးရဲ့အင်္ကျီလေးများပေးဝတ်လားဆိုပြီးသူကဂျစ်တစ်တစ်ပြောပေမယ့်ထိုလူသားကသူ့ကိုပြန်ရစ်နေတာနဲ့တိုးနေသည်~တကယ့်မလွယ်ကြောလေး~

“မင်းကငါ့ညီလေးပါဆိုကွာ…ငါ့အင်္ကျီပဲယူဝတ် ရတယ်…ညီအစ်ကိုတွေပဲဟာကို"

Jungkook;",Aww......"

ဘာပြောပြော Brother Zoneထဲရောက်ရောက်သွားတဲ့သူ့အဖြစ်ကိုတွေးကာစိတ်ကုန်လာပြီစကားတောင်ပြောရဲသလောက်ပဲ~

Seokjin;"ဘာကိုအော်တာလဲ…လာလိုက်ခဲ့…"

ထိုလူသားကရှေ့မှဦးဆောင်ကာ သူလက်ကိုဆွဲအခန်းတစ်ခုဆီခေါ်သွားသည်သူဆိုတာကလည်းဆွဲထားတဲ့လက်တစ်စုံကိုပြန်လည်ဆုတ်ကိုင်ဖို့မေ့လျော့ခဲ့~
ဒါမျိုးကျတော့ထိုလူသားလေးမညိုငြင်သူ့လက်လေးပေးကိုင်သား…

𝐄𝐍𝐃Where stories live. Discover now