Part-10⚡

1.6K 217 15
                                    

Unicode;

Kim Seokjin ဆိုတဲ့လူသားနေတဲ့ Apartment ရှေ့ကပန်းခြံအနားတွင် Jungkookရပ်စောင့်နေသည်မှာအချိန်အတော်ကြာနေပြီ~

အချိန်အားဖြင့်စောသေးလွန်းလို့နှင့်တူတယ် အနှီးလူသားရဲ့အရိပ်အယောင်ကိုအခုထိလုံးလုံးကြီးကိုမတွေ့ရမမြင်ရ‌သေးပေ~

ဘာလုပ်ရမှန်းမသိတာကြောင့်စိတ်ထဲဂယောက်ဂရက်ဖြစ်နေတာနဲ့ကားထဲမှာအသင့်ဆောင်ထားတဲ့ Jasmine နဲ့ Lemonရနံ့ရောစပ်ထားသည့် Perfume ကို ရင်ဘတ်နားအနည်းငယ်စွတ်လိုက်သည်....

ဘာလို့သူ့ခန္ဓာကိုယ်ကြီးကတစ်ခုခုလိုအပ်နေသလိုခံစားနေရတာလဲ?ဆံပင်ပုံစံလား?အဝတ်အစားလား?ဘာကလိုအပ်နေတာလဲ?

ကားမှန်ကိုကြည့်ပြီးမျက်နှာဟန်ပန်ကိုတစ်ချက်အကဲခတ်လိုက်သည်~

"ကျစ်!စိတ်တိုင်းမကျလိုက်ကွာ!"

____

လက်ချောင်းသွယ်သွယ်တွေကကား Radio လိုင်းကိုဟိုလိုင်းပြောင်းဒီလိုင်းပြောင်းလုပ်ရင်းမျက်ဝန်းတွေကတော့ကျီးကန်တောင်းမှောက်သဖွယ် တစ်စုံတစ်ယောက်ကိုစူးစမ်းကြည့်နေရသေးသည်~

_______

Seokjin ဒီနေ့စောစောနိုးနေတာကြောင့်နာရီကိုကြည့်မိတော့ ၄နာရီသာထိုးသေးသည်...

ကုတင်ပေါ်မှာဟိုလှိမ့်ဒီလှိမ့်ဖြင့် တစ်ရေးလောက်ပြန်အိပ်ဖို့ကိုအစပြိုးနေပေမယ့် အိပ်ပျော်တာကြောင့် မျက်နှာသစ်ရေမိုးချိုးပြီးထမင်းစားခန်းထဲဝင်လာခဲ့လိုက်သည်~

ရာသီဥတုအနည်းငယ်အေးတာကြောင့် အစ်မကြီးကင်မ်ထိုးပေးထားတဲ့သိုး‌မွှေးမာ‌ဗလာအညိုရောင်လေးကိုလည်ပင်းတွင်ဆင်မြန်းထားလိုက်ပြီး အမွှေးပွအနွေးထည်အညိုရောင်လေးကိုလည်းဝတ်ဆင်ထားလိုက်သည်~

ရေခဲသေတ္တာတံခါးကိုဖွင့်ပြီးကြည့်လိုက်တော့ဒေါင့်စွန်းနားမှာကပ်နေသည့်အသီးအနှံအထုပ်ကိုထုတ်လိုက်ပြီးတစ်ခုခုလုပ်ဖို့စီစဉ်လိုက်သည်...

𝐄𝐍𝐃Where stories live. Discover now