Unicode;
Seokjin ကားမှန်အပြင်ကိုအချိန်တော်ကြာငေးကြည့်နေမိသည်...
ကားမှန်အပြင်ကနေမြင်နေရတဲ့Seoul မြို့ရဲ့ညဘက်မြင်ကွင်းဟာ မီးရောင်စုံတို့ဖြင့်စည်းကားလှပလွန်းသည်…
လမ်းပလက်ဖောင်းပေါ်ကနေ ဂျာကင်အင်္ကျီနဲ့ဂစ်တာအိတ်လွယ်ပြီးဖြတ်သွားတဲ့ကောင်လေးကိုမြင်တော့ရင်ထဲမှာလှိုင်းတစ်ခုဖြတ်ပြေးသွားခဲ့သည်…
Guitar တီးပြီးသီချင်းဆိုပြတဲ့ကောင်လေးတစ်ယောက်ကို Flash ပြသလိုတစ်လပ်လပ်ဖြင့်အသိဉာဏ်ထဲပေါ်လာခဲ့သည်…
တစ်ခြားတစ်ယောက်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာဒီလိုမျိုးမတွေးသင့်ပေမယ့်မလိမ်တမ်းပြောရရင် Min Yoongi ဆိုတဲ့လူကိုလွမ်းမိလို့ အားနာလွန်းလို့ကိုယ့်ကိုယ်တောင်ခွင့်မလွှတ်နိုင်တဲ့အထိပင်...
ရုတ်တရက်ကြီးရပ်တန့်လိုက်ရတဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာအမုန်းတွေမပါခဲ့တာကတော့အဆိုးထဲကအကောင်းတစ်ခုပေါ့~~
အခုချိန်မင်းဘာများလုပ်နေမလဲ
ငါ့ရဲ့အချစ်ဦးလေးရေ…Social မသုံးဘဲငါ့အချစ်လေးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်သိပ်ကောင်းမှာပဲ…
ပြေးမကြည့်တောင်သိနိုင်တဲ့ Jeon Group ရဲ့မြေးနှင့်သူရဲ့မင်္ဂလာသတင်းတွေ…
Media ကအပြိုင်အဆိုင်တင်ကြမဲ့မြင်ကွင်းတွေက ပြေးမကြည့်တောင် Social မှာနေရာယူနေမှာအသေအချာပင်~ဟုတ်တာပေါ့~
Jeon Group ရဲ့တစ်ဦးတည်းသောမြေးရဲ့အချစ်ဇာတ်လမ်းပဲ မျက်စိနောက်လောက်အောင် Nf တစ်ခွင်ပလူပြန်နေမှာပေါ့…“ဟေး!မဆင်းတော့ဘူးလား…!?”
အတွေးတချို့နဲ့နစ်မြောနေတုန်းခပ်ဆောင့်ဆောင့်ပြောလာသည့်စကားသံကြောင့်ဆော့ဂျင်ကားကူရှင်ပေါ်ကိုမှီနေရာမှခါးတို့အားမတ်လိုက်၍ပတ်ဝန်းကျင်ကိုကြည့်မိတော့သည်...
နန်းတော်သမျှတင့်တယ်လှတဲ့အိမ်ကြီးကိုအရင်ဆုံးမြင်လိုက်ရသည်....