Part-15⚡

1.6K 227 30
                                    

Unicode;

Dee~Dee~Dee

တုန်ခါနေသည့်ဖုန်းအသံကြောင့်ဆော့ဂျင်နိုးထလာခဲ့သည်...

ခေါင်းအနည်းငယ်မူးနေတာကြောင့်မျက်လုံးတို့ကိုဖွင့်မိဘဲဘေးနားကက်လုံးကိုသာဖက်ထားမိသည်~

ရင်ဘတ်နားကိုတစ်စုံတစ်ခုတိုးဝင်လာတာကြောင့်ယားကျိကျိဖြစ်လာတာမို့ မျက်ခွံ‌လေးတွေဖွင့်ကာကြည့်လိုက်တဲ့အချိန် လေးနေတဲ့မျက်ခွံတွေဟာအပေါ်သို့ပြေးကပ်သွားပြီး ကျဉ်းနေတဲ့မျက်ဝန်းတွေဟာလည်းပြူးကျယ်သွားသည်~

သူ့ရဲ့လက်တွေဟာ ဖက်လုံးကိုဖက်ထားတာမဟုတ်ဘဲ အဝတ်မဲ့နေတဲ့တစ်စုံတစ်ယောက်ကိုရင်ခွင်ထဲနစ်နေအောင်သိုင်းထည့်ထားမိနေခဲ့တာ~

Seokjinဖက်လုံးအထင်နှင့်ဖက်ထားမိခဲ့တဲ့သူ့လက်တွေကိုအသာဖယ်လိုက်သည်~

တစ်ခုခုလစ်ဟာနေသလိုခံစားရတာကြောင့်ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့အဝတ်ဗလာဖြစ်နေသည်~

သူဘာတွေဖြစ်နေတာလဲ ဘေးကအဝတ်ဗလာနဲ့ညီလေးကရော သူ့ဘေးမှာဘာလို့ဒီလိုပုံစံရှိနေရတာလဲ?

ပုံမှန်အတိုင်းယောက်ျားလေးနှစ်ယောက်ကုတင်တစ်ခုမှာအိပ်တာကမထူးဆန်းပေမယ့်အခု‌သူမြင်နေရတဲ့မြင်ကွင်းကတော့သိပ်ထူးဆန်းလွန်းပါသည်...

အဝတ်နဲ့ကိုယ် အမြဲကပ်တဲ့သူကအခုတော့ဘယ်လိုဖြစ်ပြီးတော့များ ဒီလိုပုံစံဖြစ်နေရတာလဲ~

သူဘာတွေလုပ်ခဲ့မိတာလဲ?? မဟုတ်မှ သူ ဒီကောင်လေးအပေါ်ကို...

အိမ်မက် ကျေးဇူးပြု၍ အိမ်မက်ဖြစ်ပေးပါ...

"အားးးးးးးးးးးးးးးးးးးးးးးး"

အသံကုန်အော်ဟစ်မိပြီးငုတ်တုတ်ထိုင်မိသည်~မဟုတ်ရင်သူအတွေးပင်လယ်ထဲမှာတစ်ယောက်ထဲရူးသွားလိမ့်မယ်~

𝐄𝐍𝐃Where stories live. Discover now