Unicode;
ဘာအတွက်ကြောင့်သူနဲ့ Jungkook ရဲ့လက်ထပ်မယ့်နေ့ကဒီနေ့လဲ...?ဒီလိုကိစ္စမျိုးကိုဘာလို့ချက်ချင်းလက်ငင်းကြီးလုပ်လိုက်လည်းသူစဥ်းစားလို့မရ?...သူ့ကိုတောင်တစ်စက်မှမတိုင်ပင်ဘဲလုပ်တာမလွန်လွန်းဘူးလား...?
ဘေးနားက Jeon Jungkook မျက်နှာကိုကြည့်တော့ “ဘယ်လိုလဲ” ဆိုတဲ့ သဘောဖြင့်သူ့ကိုမေးငေါ့ပြလာသည်~Piercing တပ်ထားမျက်ခုံးတစ်ဖက်ကလည်း ဘာလို့အမြင်ကပ်စရာကောင်းလောက်အောင်ပင့်ပင့်ပြနေရတာလဲ...?
Seokjin;“တစ်ဆိတ်..Noona...ကျွန်တော်ဘာမှနားမလည်တော့ဘူးနော်...အခုအကုန်လုံးကဘာလုပ်ဖို့စီစဉ်နေကြတာလဲ...?”
Jungkook;“ကိုရီးယားလိုပဲပြောနေတာကိုကိုယ့်ခင်ပွန်းလေးကနားမလည်ဘူးလားရော...?”
Seokjin;“မင်းကိုမမေးဘူး Jeon Jungkook!!”
“ဆော့ဂျင် မောင်လေး...မင်းတို့ကိစ္စတွေအစ်မအကုန်သိပြီးပြီ...!”
Seokjin;“Noona...ကျွန်တော်...ဟုတ်တယ် မှားခဲ့တယ်...ဒါပေမယ့်ယောက်ျားလေးအချင်းချင်းဘာမှဖြစ်သွားမှမဟုတ်...”
“Kim Seokjin!! ဘယ်လိုပြောလိုက်တာလဲ?
မောင်လေး...CEO ကိုယ်တိုင်ကတောင်မမတို့အိမ်အထိလာပြီးတောင်းပန်နေတာကိုလိုက်လျောဖို့ပြင်ထားပါ...”Seokjin;“သူ့မြေးဘက်ကဖြစ်ချင်တာတွေလာပြောနေတာလေ...ကျွန်တော့်ဆန္ဒကိုမမေးဘဲဘာလို့ဒီနေ့ပဲလက်ထပ်မယ်လို့ CEOဘက်က ထပ်တလဲလဲပြောနေရတာလဲ!!!”
Seokjin စိတ်တိုလာတာကြောင့်အသံအနေအထားမှာလည်းမြှင့်သွားခဲ့သည်...သူပြောတာလည်းမမှားဘူးလေ သူဒီမှာစထိုင်တည်းက အစ်မဖြစ်သူနဲ့ CEO ဆိုတဲ့အဖိုး ပြီးတော့နောက်ထပ်သက်လတ်ပိုင်းယောင်္ကျားတစ်ယောက် သူတို့သုံးယောက်ကကျွန်တော်နဲ့ဟိုကောင်လေးကိုဒီနေ့လက်ထပ်ဖို့ပဲတိုင်ပင်နေကြတာကိုကလွန်တာ~