Part-31 ⚡

1.4K 180 21
                                    

Unicode;

"မင်းတို့စကားပြောနှင့်ကြအုံး ငါတို့စားလို့ရအောင်တစ်ခုခုသွားဝယ်လိုက်အုံးမယ်"

ငဂျင်နဲ့ယွန်းဂီနဲ့ကိုထားခဲ့ကာ ထယ်ယောင်းအသာလေးလျှိုထွက်လာခဲ့သည်...သူရှိနေလို့ တစ်ခုခုပြောဖို့ခက်နေတာမျိုးဖြစ်နေမှာဆိုးတာကြောင့်လည်းပါတယ်...ငဂျင်နဲ့ယွန်းဂီ ကြားထဲမှာ သေချာ‌ပေါက်ပြောစရာတစ်ခုခုရှိမှာပဲလေ~

~~~

"ဆော့ဂျင်...ဒီတလောအဆင်ပြေတယ်မလား?"

Seokjin;"အင်း ဒီလိုပါပဲ အဆင်ပြေပါတယ်"

"အမျိုးသားနဲ့ရော? ဟို..တစ်မျိုးမထင်ပါနဲ့‌ ကိုယ်ကဒီတိုင်းသိချင်လို့"

Seokjin;"သူနဲ့လည်းအဆင်ပြေပါတယ်
နောက်ကျသွားပေမယ့် ငါတကယ်တောင်းပန်ပါတယ် ယွန်းဂီ..ငါ~ငါက မင်းအပေါ်ကိုသစ္စာဖောက်ခဲ့မိတယ်~ ငါမင်းဆီကခွင့်လွှတ်ပေးဖို့မတောင်းဆို‌ပါဘူး ငါမှားခဲ့တာတွေအတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ်~"

"‌ဆော့ဂျင်ကို ကိုယ်ခွင့်လွှတ်ပါတယ်~အများကြီးမတွေးပါနဲ့..ကိုယ့်အချစ်ကမပိုင်ဆိုင်ရလည်းဖြစ်တာမို့ မင်းသာပျော်နေပေးပါ အဆင်ပြေသွားလိမ့်မယ်~"

"ဒါပေမယ့် မင်းအဆင်‌မပြေဘူးလေ~ငါသိပါတယ် အားလုံးကငါ့ကြောင့်ဖြစ်ရတာတွေ"

"ကဲ..အဲ့အကြောင်းတွေမတွေးနဲ့တော့ ကိုယ်အခုဆော့ဂျင်မျက်နှာလေးကြောင့် တကယ်အဆင်ပြေနေပြီ~ ဒါပေမယ့်‌ဆော့ဂျင်အဆင်မပြေတဲ့တစ်နေ့ ကိုယ်ဆီလာခဲ့လို့ရတယ်နော် ကိုယ်မင်းဘက်မှာအမြဲရှိနေတယ်ဆိုတာကိုတော့ သိထားပေး~ဒီစကားကဆော့ဂျင်ကို အခုချက်ချင်းကိုယ့်ဆီကို လာခိုင်းတာမျိုးမဟုတ်ဘူးနော် ဆော့ဂျင်အဆင်မပြေမှလို့ပြောချင်တာ~ပြီးတော့ ဆော့ဂျင်သူ့ကိုတကယ်လို့ချစ်သွားလို့လည်းရတယ်~ကိုယ်ခွင့်လွှတ်တယ် အဲ့အတွက်ကိုယ့်ကို အားနာနေစရာမလိုဘူး..ကိုယ်တို့ရဲ့နှလုံးသားတွေကအမိန့်ပေးလို့မှမရတာ ချစ်ချိန်တန်ရင်ချစ်ခွင့်ရှိတာမို့လို့ ကိုယ်နားလည်ပေးလို့ရပါတယ်~"

𝐄𝐍𝐃Where stories live. Discover now