Unicode;
ဒုန်းးး
Jungkook Bar မှာတုန်းကအသံဖမ်းထားခဲ့တဲ့ Record ကိုနားထောင်ရင်းဘယ်လိုအရှိန်နှုန်းနဲ့ကားကိုဝုန်းဒိုင်းကျဲအောင်မောင်းလာမိမှန်း ကိုယ်တိုင်တောင်မသိလိုက် သူရဲ့ကားဟာသူရဲ့ခြံထဲသို့ရောက်လာခဲ့သည်.....
ခြံရှေ့တည့်တည့်မှာရပ်ထားသည့် အဖြူရောင်ကားကိုမြင်ရက်နဲ့ တမင်ဝင်တိုက်ခဲ့ပြီးအိမ်ထဲသို့ဝုန်းဒိုင်းကျဲဝင်လာခဲ့သည်....
“ဖိုးဖိုး!!”
ဧည့်ခန်းထဲမှာ Film အခွေလိုက်နဲ့အလုပ်ရှုပ်နေပုံရသည့်အဖိုးဟာ အဖွားနဲ့ငယ်ဘဝကပုံတွေကြည့်ပြီးသာယာနေမှာအသေအချာပင်~သူ့ခြံရှေ့မှာတဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့တွေ့ကရာတိုက်ခဲ့ထားတာကိုတောင်မှထွက်မကြည့်ပဲနေနိုင်တယ်ရော~
“ဘာဖြစ်လာပြန်တာလဲ မြေးရယ်....”
ခြံရှေ့ကအသံနက်ကြီးတစ်ခုကြားပြီးထဲက မြေးဖြစ်သူရဲ့ဒေါသတွေဘယ်လောက်တောင်ကြီးထွားနေသလဲဆိုတာ Mr Jeonသဘောပေါက်လိုက်ပြီ~
Jungkook;“ကျွန်တော်မနက်ဖြန်မင်္ဂလာဆောင်မယ်!!!”
ခုနစ်အိမ်ချီကြားလောက်တဲ့အသံကြီးနဲ့အော်ပြောလိုက်တဲ့မြေးကြောင့် Mr Jeon မျက်ဝန်းတွေပြူးကျယ်ကုန်သည့်အပြင် လက်ထဲကသွားလေသူလေးနဲ့ငယ်စဥ်ချိန်းတွေ့ခဲ့စဥ်ကအမှတ်တရရိုက်ခဲ့တဲ့ Filmအခွေလေးဟာလည်းကြမ်းပြင်ပေါ်တွင်နေရာယူသွားရသည်....