Unicode;
ဆေးရုံကနေ ယွန်းဂီသတိရလာပြီဆိုတဲ့အကြောင်းကြားလာတာကြောင့် ဆော့ဂျင်သွားဖို့ပြင်သည်...ထင်ထားထက်မြန်မြန်လေးသတိရလာပေးလို့ကျေးဇူးတင်လိုက်တာ~
“နောက်တစ်ခါကျွန်တော်မသိဘဲရည်းစားဟောင်းဆီမသွားနဲ့” ရုတ်တရက်သူ့နားထဲဝင်ရောက်လာသည့် ဂျောင်ကုရဲ့အသံ~
သူဂျွန်ဂျောင်ကုကိုအသိပေးပြီးသွားလိုက်တာကောင်းမယ်ထင်တယ်...ခုနကသူနဲ့နမ်းတဲ့ကိစ္စလုပ်ပြီးကတည်းက ဂျောင်ကုကိုမတွေ့တော့..
ခါတိုင်းသူ့နားပဲကပ်နေတဲ့သူကအခုတော့ ရှက်ရမ်းရမ်းပြီးပေါ်မလာတာ မိနစ်ပိုင်းလောက်ရှိပြီ...တကယ်ကြီးရှက်သွားတာထင်တယ် သူကအရင်စနမ်းပြီး သူကပဲရှက်ရတယ်ရှိသေး ဒီကောင်လေးကတော့လေ~
ဆော့ဂျင်ကိုယ်တိုင်မသိလိုက်ခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိတော့သည်...သူအတွေးတွေကိုရပ်ကာ ဂျောင်ကုအခန်းရှေ့သို့သွား၍ အခန်းတံခါးခေါက်ဖို့လုပ်ချိန် ဖွင့်ဟလာသည့်တံခါး~
ဒေါက်~
“အ့ ခင်ဗျား! အခုကျွန်တော့် နှဖူးကိုခေါက်လိုက်တာလား!?”
ဆော့ဂျင်တံခါးကိုခေါက်ဖို့ဟန်ပြင်နေတဲ့လက်ဆစ်တွေက ရုတ်တရက်ထွက်လာသည့် ဂျောင်ကုရဲ့နှုတ်ဖူးပေါ်သို့...သူကတမင်လုပ်တာမျိုးမဟုတ်ပေမယ့် ယောင်ပြီးသွားခေါက်မိသွားတာ...ဆော့ဂျင်ရယ်ချင်သွားပေမယ့် စိတ်ကိုထိန်းထားလိုက်ရသည်...မဟုတ်ရင်ရှုံ့မဲ့နေတဲ့ကောင်လေးကသူ့ခေါင်းကိုခေါက်ရကောင်းလားဆိုပြီး ရစ်လိမ့်မယ်~