Unicode;
“Seokjin!!…ဘယ်လိုဖြစ်တာလဲ...!!?”
Hoseokကတအံ့တဩနဲ့သူ့ဆီအပြေးလာကာမေးလာသည်....
“ဒီလိုပဲဖြစ်သွားတယ်…”
Hoseok;“ဘာလို့ငါ့ကိုကြိုမပြောတာလဲ..?ငါဘာမှမသိရပါလား Seokjinရယ်…မင်းလက်ထပ်ရမယ့်သူက မင်းရဲ့မွေးစားညီလေးဆိုဒါကြီးကဘယ်လိုကြီးလဲ...?”
“ငါမပြောပြတတ်တော့ဘူး ဟိုဆော့…”
Hoseokသက်ပြင်းသဲ့သဲ့ချရင်း Seokjinကိုယ်လေးကိုဆွဲကာဖက်လိုက်သည်......
Hoseok;“မငိုပါနဲ့ဂျင်ရယ်....ငါရှိတယ်လေနော်....”
တအင့်အင့်ရှိုက်ငိုနေတဲ့သူငယ်ချင်းကြောင့်ဟိုဆော့အမှန်ပင်ဘာလုပ်ရမှန်းမသိတော့…သူတောင်ဆော့ဂျင်လက်ထပ်မယ်ကြားတော့အရမ်းအံ့ဩသွားခဲ့တာလေဆော့ဂျင်ဆိုဘယ်လိုတောင်နေမလည်းသူခန့်မှန်းကြည့်နိုင်သည်…
“ဆော့ဂျင်…”
နောက်နားဆီကနေအသံလာရာကြောင့်လှည့်ကြည့်လိုက်တော့အနောက်တိုင်းဝတ်ဆုံနဲ့ Kim Taehyung…
Taehyung;“ငါတောင်းပန်ပါတယ်…မနက်ကငါ့မင်းကိုဖုန်းဆက်ဖို့ကြိုးစားပါသေးတယ် မင်းဆီဆက်သွယ်လို့မရအောင် ဖုန်းအသိမ်းခံလိုက်ရတဲ့အပြင် Daddy တပည့်တွေစောင့်ကြည့်ခံလိုက်တယ်.... Jeon Jungkookကိုငါတို့လျှော့တွက်မိတာမှားသွားတယ် Seokjin…”
Hoseok ကိုဖက်ထားရမှလွှတ်လိုက်ကာပါးပေါ်ကမျက်ရည်စက်တွေကိုလက်ခုံဖြင့်သုတ်၍ ဆော့ဂျင်ထယ်ယောင်းကိုပြန်ပြောလိုက်သည်....
“ဟုတ်တယ်…ငါတို့သူ့ကိုလျှော့တွက်မိလိုက်တာသိပ်မှားတယ်…”
Hoseok;“ဘာမှကိုငါနားမလည်တော့ဘူး…
ထယ်ကအခုဒီကိုဘယ်သူနဲ့လာတာလဲ...ထယ့် Appa တပည့်တွေနဲ့လား?”Taehyung;“ကိုယ်က Daddy နဲ့လာတာ…အဲ့တာကြောင့်ကိုယ်အသဲနားမနေနိုင်လောက်ဘူး စိတ်မဆိုးပါနဲ့နော်....”
Hoseok;“အဲ့တာကပြဿနာမဟုတ်ဘူးအခုဘယ်လိုလုပ်မှာလဲ ဆော့ဂျင်မင်းလက်မထပ်ချင်ဘူးမလား…ဒါဆိုထွက်ပြေးကြမယ်လေ ခန်းမထဲမှမရောက်သေးတာအချိန်မှီသေးတယ်”