Unicode;
“Jungkook..!”
ကြမ်းပြင်ပေါ်တွင်ဒူးထောက်ထိုင်နေသော Jungkook ၏အနားသို့ ဆော့ဂျင်ပြန်လာ၍
ဂျောင်ကုနှင့်အညီကြမ်းပြင်ပေါ်တွင်ဒူးလေးထောက်ကာဆော့ဂျင်ထိုင်လိုက်သည်....ခုနကဘယ်လိုစိတ်နဲ့ Jeon Jungkook ရဲ့ပါးကိုနမ်းမိလည်းသူဖြင့်လုံးဝစဉ်းစားမရပေ...တွေးမိတာနဲ့တင်ရင်ဘတ်ထဲတစ်မျိုးကြီးဖြစ်သွားတဲ့ အပြင်ခန္ဓာကိုယ်တွေပါပူရှိန်းရှိန်းဖြစ်လာရသည်...
ခုနကလည်းသူရှက်ရမ်းရမ်းပြီး အပေါ်ထပ်ပြေးတက်သွားခဲ့ရင်းကနေ Jeon Jungkook ရဲ့ဒဏ်ရာတွေကမျက်လုံးထဲဝင်လာလို့ရှက်ရှက်နဲ့ပင် Kitchen Room ထဲပြန်ရောက်လာခဲ့ခြင်းဖြစ်သည်...သူရောက်လာတော့ဂျောင်ကုကခုနက သူ့ကိုဆေးထည့်ပေးခဲ့တဲ့ပုံစံအတိုင်းပင်မလှုပ်မယှက်ဖြင့်တောင့်တောင့်ကြီးဖြစ်နေသည်...
သူခေါ်တာလည်းမကြားဘဲတစ်ခုခုကိုတွေးနေတာကြောင့် ဂျောင်ကုနားနားကပ်ကာဆော့ဂျင်အော်ပြောလိုက်သည်....
“Jeon Jungkook!!!”
သူအော်လိုက်တော့မှမျက်တောင်လေးပုတ်ခတ်ခတ်ဖြင့်သူ့ဘက်ကိုလှည့်ကြည့်လာသည်...
“မင်းခြေထောက်မှာသွေးတွေနဲ့...”
Jeon Jungkook ၏ ထောက်ထားသည့်ခြေထောက်ကို ဆော့ဂျင်လက်ဖြင့်ကိုင်လိုက်တော့ရုန်းကာ ကြမ်းပြင်ပေါ်ခြေချသည်....
“ဖယ်..မထိနဲ့”
သူ့ကြောင့်ဖြစ်တာမို့ဒဏ်ရာလေးကြည့်ပေးမလို့ကိုဒီကောင်လေးကသူ့ကိုမျက်နှာတည်ကြီးနဲ့ပြောသည်...