Unicode;
ဆော့ဂျင်ညကဘယ်လိုအိပ်ပျော်လို့ပျော်သွားမှန်းမသိလိုက်~နိုးလာတော့မျက်လုံးတွေက ညကငိုထားတဲ့အရှိန်ကြောင့်ထင်တယ် စပ်ဗြင်းဗြင်းဖြစ်နေသည်~
ညကဆိုမှ သူရင်ထဲအောင့်ကနဲဖြစ်သွားရသည်...ဂျောင်ကုအပေါ်စီးကနေ ကောင်လေးတစ်ယောက်ကိုအုပ်မိုးထားတဲ့မြင်ကွင်း...ဒီမြင်းကွင်းကြီးကဘာလို့အခုထိမျက်လုံးထဲကမထွက်တာလဲ?ဂျောင်ကုအုပ်မိုးထားတာခံနေရတဲ့ ကောင်လေးမျက်နှာကပြုံးရွှင်နေပြီး သူလာတာကိုတောင်မသိ...အင်္ကျီအဖြူနဲ့ကောင်လေးရဲ့ အပြုံးတွေကသူ့ကိုလောင်ပြောင်နေသလိုပဲခံစားရသည်...
ဆော့ဂျင်အတွေးပင်လယ်ထဲနစ်မျောနေရင်းနဲ့ ပင် မျက်နှာသစ်ရေချိုးခြင်းအမှုပြီးစီးသွားတာနဲ့ အခန်းပြင်သို့ထွက်လာလိုက်သည်...
"ယောက်..ယောက်ဖ!"
ဂျောင်ကုသူငယ်ချင်းနှစ်ယောက်ကသူ့ကိုမြင်တော့ခေါ်လာသည်~မျက်လုံးတွေကဟိုကြည့်ဒီကြည့်နဲ့ မဟုတ်တာတစ်ခုခုလုပ်ထားသလို~သူပဲထင်နေတာလားမပြောတတ်..သူတို့ပုံစံကတစ်ခုခုပဲ~သူမသင်္ကာသလို ထိုကောင်လေးနှစ်ယောက်ကိုစူးစိုက်ကြည့်နေတုန်းမှာပင်~
Eunwoo;"ဟို ကျွန်တော်တို့ညကဒီမှာမအိပ်ဘူး..."
အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ခပ်ချောချောကောင်လေးက မဆီမဆိုင်ပြောတော့ သူ့ခေါင်းတွေအာမေဍိမျိုးစုံထွက်လာသည်...