Part-13⚡

1.4K 223 50
                                    

Unicode;

အရမ်းလိုက်ချင်နေသည့်ကောင်ငယ်လေးကြောင့် Seokjin လည်းဆိုင်ကိုခေါ်ခဲ့လိုက်သည်...

ဆိုင်ဖွင့်ချိန်ထက်အတော်လေးစောရောက်နေပေမယ့် ဆိုင်ရှေ့မှာရပ်ထားသည့် BMW ကား‌နက်တစ်စီးကြောင့်စဉ်းစားခန်းဖွင့်ရတော့သည်…

"ငထယ့်ကားကြီးပါလား မဟုတ်မှ...?"

Jungkook;"ဘာဖြစ်လို့လဲလူကြီး..."

"ရှူးးးးးးးး..."

Jungkook;"ဟမ်...ဘာဖြစ်...!"

သူ့စကားမဆုံးခင်မှာဘဲနှုတ်ခမ်းပါးပေါ်တင်လာသည့်လက်ညိုးကောက်ကောက်လေး~

Seokjin;"အတွဲချောင်းကြမယ်...အစ်ကိုကြီးနောက်ကနေအသာလေးလိုက်ခဲ့...စကားမပြောနဲ့ ရှူးးး..."

"ခဏခဏမရှူးနဲ့ဗျ ကျွန်တော်ရှူးရှူးပေါက်ချင်လာပြီ..."

အရင်ညကတစ်ညလုံး Bar မှသောက်ထားလို့လားမသိ...ရှူးးလို့ပြောလိုက်တာနဲ့ Toiletပြေးချင်လောက်တဲ့အထိဖြစ်နေပြီ...

သူ့အပြောကိုအရှေ့ကလူသားကပါးစပ်ကိုလက်နဲ့အုပ်၍ရယ်သည်…

ခဏအကြာနောက်တစ်ကြိမ်တိုးတိုးနေဖို့ထပ်သတိပေးလာပြန်သည်…

Seokjin;"ရှူးးးတိုးတိုး..."

ကုန်းကုန်းကွကွနဲ့အရှေ့ကသွားနေသည့်လူသားကိုကြည့်ကာရယ်ချင်စိတ်ထိန်းမရတာကြောင့်ရယ်သံတစ်ချက်ထွက်မိတော့သည်...

တစ်ကယ်ဘာလေးမှန်းကိုသိဘူး

"ရှူးးး..."

ဒီတစ်ခါတော့အနှီးလူသားကသူ့နှုတ်ခမ်းဖူးဖူးပေါ်သူ့လက်ချောင်းတင်ကာတိတ်တိတ်နေဖို့ပြောလာပြန်သည်...

Seokjin အကွယ်တစ်နေရာကနေ ဟိုအတွဲကိုချောင်းနေလိုက်သည်...

နှစ်ယောက်သားကကမ်းခြေရောက်နေသလားမှတ်တယ် တစ်ယောက်ကလည်းမျက်မှန်ကြီးမချွတ်ဘူးနောက်တစ်ယောက်ကလည်း မျက်မှန်ကြီးနဲ့ကောင်လေးရင်ခွင်ထဲနစ်မြုပ်နေလေရဲ့~

𝐄𝐍𝐃Where stories live. Discover now