Unicode;
ဖုန်းမကိုင်ဘူး...
တစ်ကြိမ်မကခေါ်ခဲ့ပေမယ့်တစ်ဖက်ကဘာမှပြန်ဖြေမလာခဲ့~
အိမ်တစ်အိမ်လုံးလည်းနှံ့နေအောင်သူရှာပြီးပြီ ထိုလူသားရဲ့အရိပ်အရောင်ကိုတောင်မတွေ့ရ~
Jungkook တိုနေတဲ့စိတ်အစုံကိုထိန်းချုပ်ကာလက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်း ဟားတိုက်ပြီးတော့ကိုအော်ရယ်ပစ်လိုက်သည်...“hk hk..Kim Seokjin!ခင်ဗျားကကျုပ်ရဲ့သည်းခံနိုင်စိတ်ကိုစမ်းသပ်နေတာပဲ...”
သူတကယ်စိတ်တိုလွန်းလို့ အကုန်လုံးကိုဖျက်ဆီးပစ်ချင်နေပြီ...Kim Seokjin ကဘာလို့သူ့ဆီကနေထွက်သွားရတာလဲ..?ခုနကအထိတောင်သူတို့အဆင်ပြေနေကြတာကို ဘာလို့သူ့ကိုအသိမပေးဘဲ Kim Seokjin ကထွက်သွားရတာလဲ..?သူမစဉ်းစားတတ်တော့ဘူး..သူဘာတွေများမှားခဲ့လို့လဲ..??
ပေါက်ကွဲနေလို့လည်းမပြီးတာမို့သူထွက်ရှာရတော့သည်...အဖိုးနဲ့ Kim Seokjin ရဲ့အစ်မနဲ့ကလည်း အလုပ်ခရီးထွက်သွားတာအရင်ရက်ထဲက အိမ်ကထွက်သွားတဲ့တစ်ယောက် သူ့အစ်မဆီသွားတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်~
သူရှိများနေမလားဆိုတဲ့စိတ်အထင်နဲ့ ကင်မ်ဆော့ဂျင်အရင်ကနေခဲ့တဲ့အိမ်ကိုသွားကြည့်ခဲ့သည်..
သော့ခတ်ထားတဲ့တံခါးကြောင့်သူလှည့်ပြန်ခဲ့ပြီးနောက်ထပ်ပစ်မှတ်က ကင်မ်ထင်ယောင်းနဲ့ ဂျောင်ဟိုဆော့ တို့ရှိရာဆီသို့~