Only... (Unicode)
မြို့ပြ....
မြို့ပြဆိုတာဟာ ကျွန်တော်လို လူအတွက်တော့ တကယ်ကို အလှမ်းဝေးတဲ့နေရာတစ်ခုပါကျွန်တော် နမည်က ရှောင်းကျန့်
ကျတော်က ခုမှ ရွာကနေမြို့ကိုကျောင်းလာတတ်တာဗျ တစ်နည်းအားဖြင့်တော့ ကျောင်းပြောင်းလာတဲ့ လူပေါ့ဗျာရွာမှာ ကျွန်တော်ရဲ့မိဘတွေက စီးပွားရေး မပြေလည်ကြဘူး။ ကျွန်တော့်ကိုကျောင်းထားပေးတဲ့စရိတ်တောင်အနိုင်နိုင်ရယ်။
ဒါကြောင့် ပါးက ရှန်ဟိုင်း မှာနေတဲ့ သူ့ညီ တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ ဦးလေးရှောင်ရှင်းချန်ဆီကို လွှတ်လိုက်တာပေါ့ဗျာ။
ဦးလေးကကြက်ကြော်ဆိုင်လေးဖွင့်ထားတယ်တဲ့လေ... ကျွန်တော့်ကိုသူကပဲကျောင်းထားပေးပြီး ကျွန်တော်ကတော့သူ့ဆိုင်မှာပဲ ကူလုပ်ပေးရမှာပေါ့ဗျာကံကဆိုးချင်တော့ ရွာကနေဒီကို ကားစီးလာရင်းလမ်းမှာ ဉီးလေးရှင်းချန် ရဲ့လိပ်စာက ကျပျောက်သွားတယ် ကိုယ်ကလည်းခုမှမြို့ကိုရောက်ဖူးတာဆိုတော့ ဘယ်သွားရမှန်းလဲ မသိနဲ့ ဒုက္ခပါပဲ....
စိတ်ညစ်ညစ်နဲ့ဘေးကကျောက်ခဲကို ပိတ်ကန်ပစ်လိုက်တယ်
အင့်ဟာ....
"အားးးးးးးးး"ကျောက်ခဲကလွင့်မထွက်ပဲ ကိုယ်ကပဲ ချော်ကျ သွားရတဲ့အဖြစ်
"နေ...နေပါဦး ငါက ဘာလို့လဲမကျပဲ လေပေါ်မှာ တန်းလန်းကြီးတုန်း ...."
"ကောင်လေး...ဘာဖြစ်သွားသေးလဲ...ရရဲ့လား...ကောင်လေးးးးး..."
ခုနကကြောက်တဲ့စိတ်ကြောင့် လူကကြောင်နေပေမယ် သေချာကြည့်လိုက်တော့မှ ကိုယ့်ထက်အသက်ကြီးတဲ့ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်
နူးညံ့လှပစွာကြည့်နေတဲ့
ထိုသူရဲ့မျက်လုံးတွေ နှုတ်ဖျားကထွက်လာတဲ့ ကောင်လေးဆိုတဲ့ချိုသာတဲ့စကားသံ လေအတိုက်မှာလွင့်မျောနေတဲ့ဆံပင်လေးတွေ ရှောင်းကျန့်ကြည့်နေမိတဲ့အတောတွင်းမှာပင် ရင်ဘတ်ထဲက အကောင်က တဒုတ်ဒုတ်နဲ့မြည်လာလေသည်။သေချာပါသည် နမည် တောင်မသိ စကားတောင်သေချာမပြောရသေးပဲနဲ့တောင်
ထိုလူက ရှောင်းကျန့် ရဲ့နှလုံးသားလေးကိုသိမ်းပိုက်နိုင်ခဲ့လေပြီ......
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...