အပိုင်း ၃(Uni+Zawgyi)

2.1K 154 5
                                    

Only...(Unicode)

ဒါဆို....သူ လူကြီးကို နေ့တိုင်းတွေ့ရတော့မှာပေါ့နော်  အားးးးပျော်လိုက်တာ
ဆရာဆိုတော့လည်း  ဘာဖြစ်လည်း
ငါ့ကိုတပည့်လိုရော ချစ်သူလိုရော ၂မျိုးတောင်ချစ်ပေးမှပေါ့...
ဟီး...ဟီး...

စိတ်ထဲမှာ ပြောနေရုံတင်အားမရလို့ အပြင်မှာပါ ရယ်သံတွေထွက်လာလေသည်။

"အယ်  ကျန့်ကျန့် ဘာတွေရယ်နေပြန်တာတုန်း....."

"ဟို...ဟို...လေးလေးကလည်း   ကျန့်ကျန့်က ကျောင်းတက်ရမှာပျော်သွားလို့ပါဗျ...."

"ပျော်တာကလည်း ပိုကိုပိုတယ်..."

"လေးလေးနော်....ဟွန့်....."

"အေးပါကွာ...လာ နောက်မှပြောတော့ ခုလောလောဆယ် အိမ်ပေါ်တက် အနားယူတော့.....ဒီကဆရာကျန်းချန်ကို လည်း  ကျေးဇူးတင်ပါတယ်....တူလေးကိုလည်းစောင့်ရှောက်ပေးပါဦးဗျ..."

"ဟုတ်ကဲ့ကျွန်တော် သေချာစောင့်ရှောက်ပေးပါမယ်...."
ချစ်သူတစ်ယောက်လို ဆိုတာကိုတော့ ကျန်းချန် မပြောဖြစ်တော့....
ဟုတ်တယ် သူ ကျန့်ကျန့်ကို မြင်မြင်ချင်းကို ချစ်မိသွားခဲ့တာပါ......
အိမ်ပြန်လမ်းမှာတော့ ဆရာကျန်းချန်ရဲ့အပြုံးတွေ ဝေဆာနေတာကိုတွေ့ရမှာ အသေအချာပါပဲ.......
~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့မနက်....
"လေးလေးရေ ဒီမှာ ကျန့်ကျန့် မနက်စာ ပြင်ထားတယ်....."

"အင်း....ကျန့်ကျန့်...ဒီနေ့ကျောင်းတက်ရတော့မှာနော်    အဆင်သင့်ဖြစ်ပြီလား....."

"ဟုတ်ကဲ့ လေးလေး... ကျန့်ကျန့် အဆသင့်ဖြစ်နေပါပြီ   စိတ်လှုပ်ရှားနေလို့ အစောကြီးထဲက နိုးနေတာ ......"

"ဒါဆိုလဲ မနက်စာ စားပြီးရင်သွားကြ တာပေါ့"

"ဟုတ်ကဲ့ "
ရှောင်းကျန့်လည်း လေးလေးနဲ့အတူမနက်စာ စားလိုက်သည်။လေးလေးက ပြေလည်ပေမယ့် ချမ်းသာသည့်အထဲတွင်တော့မပါပေ။ထို့ကြောင့်လည်း busကားဖြင့်သာ ကျောင်းသို့ လိုက်ပို့သည် ။ကျောင်းပြန်လာရင်တော့ ဆိုင်ကိုဝိုင်းကူလုပ်ရပေမည်။

"ကဲ ကျန့်ကျန့် ဒီမှတ်တိုင်က ဆင်းပြီး လမ်းနည်းနည်းလျှောက်ရင် ကျောင်းရောက်ပြီ 
မှတ်ထားနော်   နောက်ဆိုလေးလေးက လိုက်ပို့နိုင်မှာမဟုတ်ဘူး  ကိုယ့်ဘာသာသွားရမှာ"

Only...(Completed)Where stories live. Discover now