အပိုင်း ၈(Uni+Zawgyi)

1.5K 144 1
                                    

Only... (Unicode)

ဆရာများနားနေခန်း ရှေ့တွင်ခပ်နွမ်းနွမ်း အင်္ကျီကို ဝတ်ဆင်ထားသည့်အမျိုးသမီးကြီးတစ်ဦး...  မြင်ယုံနဲ့တင်သိသာသည့်ကြမ်းတမ်းလှသည့် လက်များက သူမ ဘယ်လောက်ပင်ပန်းစွာ လုပ်ကိုင်စားသောက်နေရကြောင်း သိသာစေလှသည်။ကြမ်းတမ်းလှတဲ့ လက်များနှင့် မလိုက်ဖက်စွာ လှပတင့်တယ်သော မျက်နှာက အရှိန်အဝါ တစ်ခုရှိနေသကဲ့သို့ ကျက်သရေ ရှိစွာတည်ရှိနေလေသည်။သူမ၏ နှုတ်ခမ်း ဘယ်ဘက်အောက်မှာရှိနေတဲ့ မှဲ့နက် ကလေးက တစ်စုံ တစ်ယောက်နှင့် တူနေကြောင်း သက်သေပြနေလေသည်။

ထို့နောက်တွင်တော့...ထိုအမျိုးသမီးကြီးက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်ပုံစံဖြင့် ဆရာများနားနေခန်း၏တံခါးကိုခေါက်လိုက်လေသည်။

'ဒေါက်...ဒေါက်...ဒေါက်'

"ဝင်ခဲ့ပါခဗျ"

"ဟုတ်ကဲ့...ကျွန်မ ဆရာကျန်းချန်နဲ့တွေ့ချင်လို့ပါရှင့်..."

"ကျွန်တော်က ကျန်းချန်ပါဗျ....ဒီက အမက"

"ကျွန်မက ရှောင်းကျန့်ရဲ့အမေပါ....
ဆရာနဲ့စကား ခနလောက် ပြောချင်ပါတယ်
ဒီမှာတော့အဆင်မပြေဘူးထင်တယ်"

"အာ...ဟုတ်ကဲ့  ကျွန်တော့်နောက်ကလိုက်ခဲ့ပါဗျ"

ကျန်းချန်လည်း အေးဆေးစကားပြောလို့ရအောင်  ကျောင်းရဲ့ချယ်ရီပင်တန်း ကိုခေါ်လာလိုက်သည်။ ပုံမှန်ဆို ဒီနေရာမှာ ကျောင်းသားတွေများပေမယ့်  ကျောင်းတက်ချိန်မို့ ရှင်းလင်းနေသည်။ကျောင်းနဲ့
နဲနဲလှမ်း၍ စကားအေးဆေး ပြောနိုင်သည်။

"ဒီလို လှပတဲ့နေရာမှာ ဒီလိုစကားမျိုးတွေ ဆရာ့ကို မပြောချင်ပေမယ့် ပြောရတော့မယ်။
ပွင့်ပွင့်လင်းလင်းပဲမေးမယ်...
ဆရာ့ ကျွန်မသားကို ချစ်လား..."

"မိခင်တစ်ယောက်ရှေ့မှာ ဒီလိုစကားမျိုးပြောရတာ အားနာပေမယ့် ကျွန်တော် ကျန့်ကျန့်ကို တကယ်ချစ်တာပါ။တကယ်မြတ်နိုးမိတာပါ။"

"ဆရာ့ အနေနဲ့ ကျန့်ကျန့်ကို တကယ်ချစ်
တယ်ဆိုရင်  ကျန့်ကျန့်ရဲ့အနာဂတ်ကိုလည်း ထည့်စဥ်းစားပေးပါ။ ကျန့်ကျန့်နဲ့ ဆရာနဲ့က အသက်အရွယ် အရဆိုရင်လည်းအများကြီးကွာပါတယ်  ပြီးတော့ ဆရာက အမည်းစက်နဲ့လူ။ ပြီးတော့ ဆရာက ယောက်ျားတစ်ယောက်...။
ယောက်ျားတစ်ယောက်ဖြစ်နေတာကို ကျွန်မဘက်က လက်ခံနိုင်ပါသေးတယ်... ဒါပေမယ့် အမဲစက်ရှိနေတဲ့ ယောက်ျားတစ်ယောက်ကိုတော့  လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်မက မချမ်းသာပါဘူး၊ဆင်းရဲတယ်... ဒါပေမယ့်သားကိုတော့ ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်တဲ့ စကားတွေကြားမှာ  မနစ်မွန်းစေချင်ဘူး...
ကျန့်ကျန့်ကခုမှ အညွန့်တလူလူတက်နေတဲ့အရွယ်လေးပါ... တစ်ခုခုဆို ကျန့်ကျန့် က ပတ်ဝန်းကျင်မှာ ပိုပြီးကဲ့ရဲ့ခံရမယ့် အဖြစ်ကိုရော ဆရာမြင်ရက်သလား။ဒါကြောင့် ဆရာကပဲ လူကြီးပီပီ အနေအထိုင်ဆင်ခြင်ပြီး နောက်ဆုတ်ပေးပါ"

Only...(Completed)Where stories live. Discover now