အပိုင်း ၁၃(Uni+Zawgyi)

1.5K 128 0
                                    

Only...(Unicode)

ရှောင်းကျန့် ဝမ်နဲ့ စကားပြောပြီးနောက် ချယ်ရီတန်းဘက်သို့ထွက်လာခဲ့သည်။

လူကြီးက ကျောင်းမတက်ခင် မနက်တိုင်း ချယ်ရီတန်းဘက်မှာ စာဖတ်နေတတ်တာကြောင့်ဖြစ်သည်။ချယ်ရီပင်အောက်တွေမှာလည်း ခုံတန်းလေးများ ထားပေးထားသည်။

တွေ့ပါပြီ...ထုံးစံအတိုင်း တတိယမြောက်ခုံတန်းမှာ ထိုင်နေတဲ့...လူကြီး။ရှပ်လက်ရှည် မီးခိုးရောင် အကွက်လေးကို တစ်တောင်ဆစ် ထိခေါက်တင်ထားပြီးဂျင်းဘောင်းဘီ နက်ပြာရောင်လေးကို စတိုင်ကျ
စွာဝင်ဆင်ထားသည်။

စာအုပ်ကို အာရုံစူးစိုက်ပြီး ဖတ်နေတဲ့ လူကြီးရဲ့ပုံရိပ်က ကြည့်ကောင်းလွန်းလှသည်။ချယ်ရီပွင့် ကြွေချိန်ဖြစ်၍ လေတစ်ချက်တိုက်တိုင်းမှာ ကြွေကျလာတဲ့ ချယ်ရီပန်းလေးတွေရဲ့အောက်မှာ စာဖတ်နေတဲ့ လူကြီးက နတ်သားလေးအလား...။ချယ်ရီတန်းအောက်မှာ ရှိကြတဲ့ တစ်ချို့ကျောင်းသူတွေကလည်း လူကြီးကို ခိုးခိုး ကြည့်နေကြသည်။

"လူကြီးးးး"

"သြော်...ရှောင်းကျန့်ပါလား... လာထိုင်လေ"

"မထိုင်တော့ပါဘူး...တစ်ကယ်တော့ ကျွန်တော် လူကြီးကို ပြောစရာရှိတယ်"

"ဘာများလဲ...ပြောလေ"

ရှောင်းကျန့် တစ်ယောက် တကယ်ဖွင့်ပြောရတော့မယ်ဆိုတော့ ခြေဖျား လက်ဖျားတွေ အေးနေမိသည်။ရင်ခုန်၍လား...ကြောက်၍လား ဆိုတာ သူကိုယ်တိုင်တောင် မခွဲခြားနိုင်။

"ဟို...ကျွန်တော်....ကျွန်တော် လူကြီးကို....ချစ်"

"မောင်"

အနီရောင်ဂါဝန်လေးနှင့် ဒေါက်ဖိနပ်အနီရောင်လေးကိုစီးကာ သူတို့စီကိုလျှောက်လှမ်းလာတဲ့ ပြစ်ချက်ရှာမရအောင်လှပလွန်းတဲ့ ထိုမိန်းကလေး...လမ်းလျှောက်လိုက်တိုင်း နူးညံ့ပျော့ပျောင်းနေတဲ့ ကျောလည်ထိချထားတဲ့ဆံကေသာတွေက ဖြည်းညင်းစွာ လှုပ်ခါနေသည်။
ကြည့်ကောင်းလွန်တဲ့ ထိုမိန်းကလေးက နတ်သမီးတစ်ပါးအလားးး

ထိုမိန်းကလေးက လူကြီးကိုခေါ်တာ မောင်တဲ့ ...ဘာတွေလဲ....

"မိန်ရွမ်း လာလေ... ကိုယ်ကမိန်ရွှမ်းကို
စောင့်နေတာ..."

Only...(Completed)Where stories live. Discover now