💎Final💎

2.9K 180 1
                                    

Only...(Unicode)

ရှောင်းကျန့် ဆရာ ချော်လဲကျတော့ အခြားကျောင်းသားများနှင့်အတူ သွားထူပေးမိသည်။မိမိအား စာသင်ပေးနေသည့် ဆရာတစ်ယောက် ဟူသောစိတ်ဖြင့်သာ။ထိုစဥ် ဆရာက သူ့လက်ကိုဆွဲကာ ဆေးပေးခန်းသို့ ပို့ပေးပါ ဟုပြောလာသည်။သူလည်း ငြင်းလို့မကောင်းတာကြောင့် လိုက်ပို့လိုက်ရသည်။ ကျောင်းဆေးခန်းသို့ရောက်သောအခါ ဆရာကို ထားခဲ့ပြီး ဝမ့်ဆီကို ထွက်လာဖို့လုပ်ခဲ့သည်။

ကျန်းချန် ထွက်သွားတော့မယ့် ရှောင်းကျန့်ရဲ့ လက်ကို အမြန်ဆွဲလိုက်သည်။

"ကောင်လေးးးးကိုယ်(*****)ကို နယ်ပြောင်းရမယ်လို့ အထက်က အမိန့်ကျထားတာကြာပြီ...အချိန်ဆွဲထားခဲ့ပေမယ့် မနက်ဖြန်တော့ မဖြစ်မနေသွားရတော့မယ်။ကောင်လေးနဲ့ တကယ်ဝေးရမယ်မှန်း သိတော့ ကိုယ်ဘာကိုမှ ဂရုမစိုက်ချင်တော့ဘူး...ကိုယ်ကောင်လေးကို ချစ်တယ်...ကောင်လေးလည်း ကိုယ့်ကိုချစ်နေတာကိုယ်သိတယ်။ကိုယ်တာဝန်ကျတဲ့နေရာကို ကောင်လေးပါ ကိုယ်နဲ့အတူလိုက်ခဲ့ပြီး ဟိုမှာကျောင်းဆက်တက်ပါ။ဟိုကိုတော့ ရထားနဲ့သွားရမှာ။ ကိုယ် ကောင်လေးကို မနက်ဖြန် မနက် ၈နာရီ...ရထားဘူတာရုံမှာစောင့်နေမယ်။ဒါဆို....ကောင်လေးသွားလို့ရပါပြီ"

ရှောင်းကျန့် ဆရာ့ကို ဘာမှပြန်မပြောတော့ပဲ ကျောင်းဆေးပေးခန်းမှထွက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့....

ကျောင်းရဲ့ ချယ်ရီပင်အောက်မှာ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်...

"ရှောင်းးးးး"

"ဟင်..."

"မင်းမသွားဘူးလား"

"ဘယ်ကို...အာ..ဝမ် မင်းသိနေတာလား"

"အင်းး ကိုယ်လည်း ကျောင်းဆေးခန်း ကို လိုက်လာသေးတာမို့ ရှောင်းတို့ပြောနေတာတွေကြားလိုက်တာ...ကိုယ့်ကိုအားနာစရာမလိုပါဘူး....ရှောင်းသွားချင်ရင်သွားလို့ရပါတယ်...ကိုယ်နားလည်ပါတယ်"

"ကျေဇူးပဲ ဝမ်"

သူ့ကိုကျောခိုင်းကာ အလျှင်အမြန် ပြေးထွက်သွားတဲ့ ရှောင်း....ဘယ်ကို သွားတာလဲဆိုတာတော့ ပြောစရာပင် မလိုတော့....
သေချာပေါက် ရထားဘူတာရုံပဲပေါ့...

Only...(Completed)Where stories live. Discover now