Only...(Unicode)
ကျင်းမိန်ရွှမ်း....အင်း မိန်ရွှမ်းက မာနအရမ်းကြီးပါတယ်ဆိုတဲ့ ကျင်းgroupရဲ့ သခင်မလေးဖြစ်ခဲ့ဖူးပါတယ်။
မောင်နဲ့မဆုံခင်အထိပေါ့။မိန်ရွှမ်း မောင့်ကို စတွေ့ခဲ့တဲ့အချိန်တုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ မောင်က လုပ်အားပေးရင်း ကလေးတွေကို စာသင်ပေးနေခဲ့တာ။မြင်မြင်ချင်းမှာပဲမောင့်ကို
မိန်ရွှမ်း အရမ်း ချစ်မိသွားခဲ့တာ။နောက်ပြီး မောင်ဆိုတဲ့နာမ်စားလေးကို သူ့အလိုလိုပေးမိသွားခဲ့တာ။မောင့်ရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး မောင့်ရဲ့အကြောင်းတွေကို စုံစမ်းခဲ့တယ်။
သိလိုက်ရတာ တစ်ခုက မောင်ဟာ အနီရောင်ကိုသိပ်ကြိုက်ပါတယ်တဲ့...အဲ့အချိန်ကစပြီး မောင်ကြိုက်တယ်ဆိုတဲ့ အနီရောင်ပါတဲ့ ဝတ်စုံတွေဟာ မိန်ရွှမ်းရဲ့ ဗီဒိုတစ်ခုလုံးမှာ နေရာယူသွားခဲ့တယ်။မိန်ရွှမ်းရဲ့ အခန်းတစ်ခုလုံးဟာလည်း အနီရောင်တွေနဲ့သာ ပြည့်နှက်ခဲ့တယ်။ကျောင်းဆရာဖြစ်တဲ့မောင်က သိပ်ဖော်ရွှေတတ်တယ်။တစ်ခါတစ်လေ အခြားဆရာမလေးတွေနဲ့ရယ်မောပြီးစကားပြောနေရင် မိန်ရွှမ်းက တစ်ယောက်ထဲ သဝန်တိုနေရတာအမော...။
မိန်ရွှမ်းရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်က မောင်နဲ့သိတယ်ဆိုတဲ့အခါ မခေါ်မပြောဖြစ်တာကြာတဲ့သူငယ်ချင်းဟောင်းကို အတင်းကပ်ပြီး မောင်နဲ့မိတ်ဆက်ခိုင်းခဲ့ရတယ်။ မောင်နဲ့စပြီး ရင်းနှီးမှုလေးရခဲ့တာပေါ့။
အချိန်တွေသာကြာလာတယ် မောင်က
မိန်ရွှမ်းအပေါ်မိတ်ဆွေတစ်ယောက်ထက်
မပိုခဲ့။ ဖွင့်ပြောပြီးတဲ့နောက်ပိုင်းမှာ မောင်ဟာ မိန်ရွှမ်းကို ရှောင်ဖယ်သွားခဲ့တယ်။အဲ့အချိန်တုန်းက မိန်ရွှမ်းဆိုသည်မှာ လိုချင်တာကိုမရရအောင် ယူတတ်သည့်သူမျိုး ။မောင့်ကိုလိုချင်ကြောင်း Daddyကို
ဖွင့်ပြောခဲ့ပေမယ့် Daddyက အဆင့်အတန်း မတူဘူးဟူ၍ သဘောမတူခဲ့။ဒါကြောင့် ပါတီ တစ်ခုမှာမောင့်ကိုအိပ်ဆေးခပ်ကာ လုပ်ကြံဓာတ်ပုံတွေကို internetမှာကိုယ်တိုင်ဖြန့်ပစ်ခဲ့တယ်။အဲ့ဒီ ကိစ္စတွေဖြစ် ပြီးတဲ့နောက်ပိုင်းမှာ မောင်ဟာ မိန်ရွှမ်းကို မဖြစ်မနေလက်ထပ်ခဲ့ရတယ်။ ဘာကြောင့်ရယ်မသိ...မောင်ဟာသူ့ရဲ့ လုပ်ကြံမှုတွေကို သိရှိသွားခဲ့တယ်။အဲ့အချိန်ကစပြီးမောင်ဟာ မိန်ရွှမ်းကို
ပိုမုန်းသွားခဲ့တာပါဘဲ။
လက်ထပ်ပြီးတဲ့ အချိန်က စပြီး
မိန်ရွှမ်းဟာ ကျင်း groupရဲ့ သခင်မလေးဖြစ်ပေမယ့် အစေခံတစ်ယောက်လို မောင့်အလိုကျနေပေးခဲ့ရသည်။
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...