အပိုင်း ၁၀(Uni+Zawgyi)

1.6K 136 0
                                    

Only...(Unicode)

လျှပ်စစ်မီးရောင်များနှင့် လှပစွာတောက်ပနေတဲ့ ရှမ်းဟိုင်းမြို့ရဲ့ ညချမ်းတစ်ခု...
မီးရောင်ခပ်ဖျော့ဖျော့သာ
ထွန်းထားသော ရှင်းချန်၏ အဖြူရောင်တစ်ထပ်တိုက်အပုလေး ၏ဧည့်ခန်းတွင် ရှောင်းမားတစ်ယောက် အတွေးတွေက
ရှင်းချန်ဖုန်းမဆက်ခင်က အချိန်စီသို့.......

ရှောင်းမားတစ်ယောက် မနက်စာစား၍
စိုက်ခင်းထဲသွားရန်ပြင်နေသည်။သူမတို့တွင် လုပ်ကိုင်စားသောက်စရာ ပန်းစိုက်ခင်းလေးတစ်ခုသာရှိပါသည်။ထိုစိုက်ခင်းလေးထဲမှ ပွင့်သော ပန်းလေးများကို ခူးယူ၍ စျေးထဲတွင်ရောင်းချရသည်။

ထိုရှောင်းချ၍ ရလာသောငွေလေးနှင့်ပင် သားလေးကို ကျောင်းထားပေးနိုင်ခဲ့သည်။သားလေး အတန်းပညာ မြင့်လာသည်နှင့်
အမျှ ကုန်ကျစရိတ်ကလည်း မြင့်မားလာလေသည်။စိုက်ခင်းကလည်း ပိုးကျခဲ့တာကြောင့် ငွေရေးကြေးရေး အခြေအနေက ပိုဆိုးလာခဲ့လေသည်။

ပတ်ဝန်းကျင်က သားလေးကို ကျောင်းထုတ်၍ အပြင်မှာ
အလုပ်တစ်ခု လုပ်ခိုင်းပါလားဟုဆိုလာကြသည်။ သို့ပေမယ့် သူမအနေနဲ့ သားလေးကိုတော့ ပညာတတ်ကြီးဖြစ်ပြီး အလုပ်အကိုင်ကောင်းကောင်းလေးရစေချင်ပါသည်။အိမ်ထောင်ဖက်ကောင်းလည်း ရစေချင်ပါသည်။

ငွေကြေးမပြေလည်မှုတွေနှင့် မတတ်သာသည့်အဆုံး ရှောင်းပါးနှင့်တိုင်ပင်ကာ သားလေးကို သူ့ဦးလေးဖြစ်တဲ့ ရှင်းချန်စီကို ပို့ခဲ့ရလေသည်။

သူမစိုက်ခင်းထဲသွားရန်ပြင်နေစဥ် ရှင်းချန်စီကဖုန်းဝင်လာခဲ့သည်။
"ဟလို....ရှင်းချန်"

"အမ...ကျွန်တော်ပြောတာ သေချာနားထောင်နော်...ခုကျန့်ကျန့်က သူ့ကျောင်းက ကျောင်းဆရာတစ်ယောက်ကို သဘောကျနေတယ်"

"သြော် ဘာများလဲလို့ ရှင်းချန််ရယ်....အမက တောသူဆိုပေမယ့် ဒီလိုကိစ္စတွေကို နားလည်ပေးနိုင်ပါတယ်...
အဓိက ကသားလေးစိတ်ချမ်းသာဖို့ပါပဲ...သားလေးကိုသာ တစ်ကယ်ချစ်ပေးနိုင်
မယ်ဆိုရင် ယောင်္ကျားလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ် အမလက်ခံပေးမှာပါ..."

Only...(Completed)Where stories live. Discover now