အပိုင်း ၁၁(Uni+Zawgyi)

1.5K 146 0
                                    

Only... (Unicode)

ရှောင်းကျန့်တစ်ယောက် ညနေက မားနဲ့စကားပြောပြီးနောက် ရေအမြန်ချိုးလိုက်ပြီး အိပ်ရာပေါ်တွင် ခန လှဲနေရာမှ အိပ်ပျော်သွားတာ နိုးလာတော့မနက်ပင်ရောက်နေပြီ။မနေ့က တစ်နေကုန်လျှောက်လည်ထားတာကြောင့် ပင်ပန်း၍ အိပ်ပျော်သွားတာဖြစ်လိမ့်မည်။

နာရီကြည့်လိုက်တော့ ၇နာရီထိုးနေပြီ...

ထို့နောက်တွင်တော့ ရေမိုးချိုး မျက်နှာသစ် သွားတိုက်ကာ ကျောင်းသွားဖို့ပြင်ဆင်ပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲရောက်တော့ မနက်စာစားနေ
သည့် မားနှင့်လေးလေးရှင်းချန်....

"သား လာလေ ဒီမှာ မား မင်းအတွက်မနက်စာပြင်ပေးထားတယ်...သားကြိုက်တဲ့ ခေါက်ဆွဲသုပ်လေး...."

"ဟာ...အတော်ပဲ သားက မားလက်ရာ ခေါက်ဆွဲသုပ်ကိုလွမ်းနေတာ..."

ရှောင်းကျန့်တစ်ယောက် ရှောင်းမားရင်ခွင်ထဲသို့တိုးကာ ကလေးလိုချွဲနေလေသည်။

တီ...တီ...တီ...

"ကျန့်ကျန့် ခြံရှေ့မှာ ဆိုင်ကယ်ဟွန်းတီးသံကြားတယ် သွားကြည့်လိုက်ဦး"

"ဟုတ်ကဲ့လေးလေး"

ရှောင်းကျန့်တစ်ယောက် ခြံတံခါးသွားဖွင့်လိုက်တော့ ဆိုင်ကယ် အစိမ်းရောင်လေးနဲ့ ဝမ့် ကိုတွေ့ရသည်။

"ဟင်....ဝမ် ပါလားးးး "

"ဟုတ်တယ်..ရှောင်းကိုကျောင်းသွားဖို့လာခေါ်တာ"

"ထူးထူးဆန်းဆန်းတွေ လုပ်လို့ပါလား...အိမ်ထဲဝင်လေ...ကျန့်ကျန့်ကခုမှ မနက်စာ စားနေတာ "

"ဟုတ်ပါပြီဗျာ"

ရိပေါ် အိမ်ထဲရောက်တော့ ရှောင်းနှင့်တူသည့်အမျိုးသမီးကြီး တစ်ဦးကို တွေ့လိုက်ရသည်။သေချာပေါက် ရှောင်းရဲ့မားဖြစ်လိမ့်မည်။ရှောင်းရဲ့ လှပတဲ့မျက်နှာလေးကလည်း သူ့မာမားဆီ ကနေအမွေရထားတာ ဖြစ်ပါလိမ့်မည်။

"ဝမ်...ဒါက ငါ့ရဲ့မား ရှောင်းရိဟွားတဲ့.....
မား...သူကတော့ ...ဝမ်ရိပေါ်တဲ့ သားသူငယ်ချင်း"

"တွေ့ရတာဝမ်သာပါတယ် အန်တီရှောင်း"

"ရှောင်းမားလို့ပဲ ရင်းရင်းနှီးနှီး ခေါ်ပါ
သားဝမ်ရဲ့..."

Only...(Completed)Where stories live. Discover now