Only...(Unicode)
ရိပေါ် တစ်ယောက် အတန်းထဲတွင် ရှောင်း ကိုစောင့်နေမိသည်။ကိုယ်ချစ်တဲ့လူတစ်ယောက်က အခြားလူတစ်ယောက်နဲ့ချစ်ကြည်နူးနေမလားဟု တွေးမိတော့ နှလုံးသားတစ်ခုလုံး ပို၍ပင် နာကျင်လာရသည်။
ထိုစဥ်.....
ကြားလိုက်ရတဲ့ ဇီယီမရဲ့အသံ"ဝမ်ရိပေါ်!!!!...ဝမ်ရိပေါ်!!!!!"
"ဘာလို့အဲ့လောက်တောင် အော်နေရတာလဲ ဇီယီ"
"ငါခုနက ချယ်ရီတန်းဘက်သွားတုန်း ရှောင်းကျန့် ငိုပြီးကျောင်းဘက်ပြေးသွားတာကိုတွေ့လိုက်လို့...."
"ဘာ!!!!"
"ငါလည်းနောက်ကလိုက်ပေမယ့်မမှီတော့ဘူး..."
ရိပေါ်တစ်ယောက် ချက်ချင်းပင် အခန်းထဲမှပြေးထွက်ကာ ကျောင်းရဲ့ နေရာတိုင်းကို လိုက်ရှာနေမိသည်။
"ကိုယ့်ကိုစိတ်ပူအောင် မလုပ်ပါနဲ့တော့ ရှောင်းရယ်..."
ဇီယီနဲ့ယွီပင်းတို့ကလည်း ဝိုင်း၍ကူရှာပေးနေကြသည်။
"ယွီပင်း နင် သန့်စင်ခန်းမှာရော ရှာပြီးပြီလား"
"အင်းးးဇီယီ နင်ရော စတိုခန်းဘက်တွေရှာကြည့်သေးလား"
"အေး ရှာပြီးပြီ မတွေ့ဘူး"
"ဒါဆို ဘယ်မှာများလည်း"
"ငါတို့ကျောင်းခေါင်မိုးထပ်ကိုမရှာရသေးဘူးလေ"
ဇီယီစကားဆုံးသည်နှင့် ရိပေါ်တစ်ယောက် ကျောင်းခေါင်မိုးထပ်သို့
အမြန်ပြေးသွား လေတော့သည်။ဟူးးးးနောက်ဆုံးတော့ တွေ့ပါပြီ... ကျောင်းခေါင်းမိုးထပ်ရဲ့ ထောင့်လေးနားမှာ ခေါင်းငုံ့ကာ ငုတ်တုတ်လေး ထိုင်ငိုနေတဲ့ ရှောင်းးးး
"ရှောင်းးးးး"
"ဝမ်....အီးးးးဟီးးးး"
သူ့ကိုမြင်သည်နှင့်ပြေးလာကာ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာငိုနေသည့်ရှောင်းးး
"ရှောင်းးးး "
"ဝမ်...ငါ့ကိုဘာမှမမေးပါနဲ့ ..အင့်..
ငါ့ကို ဒီနေ့တစ်ရက်လောက်တော့...
အင့်...မင်းရင်ခွင်ကိုငှားပါ..အင့်.."
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...