Only...(Unicode)
ရှောင်းကျန့် ဝမ် နဲ့ အတူရုပ်ရှင်ကြည့်ပြီးတော့ နှစ်ယောက်အတူ
လျှောက်လည်ဖြစ်ကြသည်။"ရှောင်းးးးကိုယ်တို့ပြန်ကြရအောင်လေ...ကိုယ်တို့လျှောက်လည်တာ ညနေ၄နာရီတောင် ထိုးနေပြီ..."
"ဝမ်.....ကျန့်ကျန့် မပြန်ချင်သေးဘူး....မပြန်ဘူးနော်...နော်လို့..."
ချွဲနွဲ့စွာ ပြောလာတဲ့ ရှောင်း ကို ကြည့်ပြီး
ရိပေါ်ရင်ထဲ ကလိ ကလိ နှင့် အသဲတွေ ယားလာလေသည်။"မပြန်လို့တော့ မရဘူးလေ... ရှောင်းရဲ့...
ဦးလေး ရှင်းချန်လည်း ရှောင်းကို မျှော်နေလောက်ပြီ....ရှောင်းက လိမ္မာပါတယ်...
ပြန်ကြရအောင်နော်....""ဝမ် ကလည်းးးး"
"ဝမ် ကမလည်းနဲ့တော့ လာ ဆိုင်ကယ်ပေါ်တက်"
"ဟွန့်"
"ဘာလဲ လာပွေ့ချီတင်ရ မှာလား"
"တက်မယ်!!!!တက်မယ်လို့...ဟွန့် "
"ဖက်ထားနော်...အချစ်လေး"
"ဘာအချစ်လေးလဲ ....ချီးကိုအချစ်လေးလား...ဝေါ့ဝေါ့"
"ဟာ..... အဆိုးလေးပါလားကွာ...."
ထို့နောက်ရိပေါ်လည်း ဆိုင်ကယ်ကို ဂရုစိုက်ကာ မောင်းလာခဲ့သည်။ပုံမှန်ဆိုရင် ဆိုင်ကယ် အမြန်မောင်းတတ်ပေမယ့် နောက်ကခါးကိုတင်းကြပ်စွာ ဖတ်ထားသည့် ရှောင်းအဆိုးလေးကြောင့် ခပ်ဖြည်းဖြည်းသာ မောင်းလာခဲ့သည်။ ရှောင်းကိုနဲနဲလေးတောင် မကြောက်ရွံ့စေချင်ပေ။
ကျွီ...
"ကဲ ရှောင်း အိမ်လည်းရောက်ပြီဆိုတော့ ကိုယ်ပြန်တော့မယ်နော်..."
"ဝမ်အိမ်ထဲမဝင်တော့ဘူးလား.."
"မဝင်တော့ဘူး...ကိုယ် ပါပါးခိုင်းထားတဲ့ကိစ္စလေး တစ်ခုရှိလို့ အဲ့တာသွားရဦးမယ်။
ဒါဆို ကိုယ်သွားပြီနော် ရှောင်းးးးး""အင်းးး တာတာ့ ...ဝမ်"
(တကယ်ပင်..ဝမ်ရဲ့ဘဝကရိုးရှင်းလွန်းသည်...ဝမ်ကတစ်ဦးတည်းသောသား၊ဝမ်တို့မိသားစုက ပိုးထည်တိုက်တစ်ခုနှင့်ရွှေဆိုင်တစ်ခုဖွင့်ထားသည်။အရမ်းကြီးချမ်းသာတဲ့အထဲတွင်မပါပေမယ့် အသင့်အတင့်တော့ချမ်းသာသည်။ဝမ့်ကိုလည်း ချစ်ကြသည်။)
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...