အပိုင်း ၇(Uni+Zawgyi)

1.6K 146 5
                                    

Only...(Unicode)

ဒီနေ့က သောကြာနေ့....
တစ်နည်းအားဖြင့် ရှောင်းကျန့်  လူကြီး ကိုဖွင့်ပြောမည့်နေ့ဖြစ်သည်။

စိတ်လှုပ်ရှားလွန်း၍ တစ်ညလုံးအိပ်မ​ပျော်နိုင် ခုလည်း မနက်စာ စားနေရင်း ဂနာမငြိမ် ဖြစ်နေတာကြောင့် လေးလေးကပင် ငြိမ်ငြိမ်စားဖို့ ဆူနေသည်။
ဘယ်တတ်နိုင်မှာတုန်း  လေးလေးရဲ့  အချစ်လေ...အချစ်...

"လေးလေး သားစားပြီးပြီ သားကျောင်းသွားတော့မယ်နော်"

"နေဦးကျန့်ကျန့်...လေးလေးပြောစရာရှိတယ်။"

"ဘာပြောမို့လဲ လေးလေး"

"ကျန့်ကျန့် ဆရာကျန်းချန်ကိုစိတ်ဝင်စားနေတာလား....."
ရှင်းချန် အနည်းငယ် ရိပ်မိနေတာကြောင့်မေးလိုက်ခြင်းဖြစ်သည်။

"ဗျာ...."

ရုတ်တရက်မေးလာတဲ့ လေးလေး ရဲ့စကားကြောင့် ရှောင်းကျန့် တကယ်လန့်သွားမိသည်။

"ဟု...ဟုတ်..ဟုတ်တယ်....
ကျန့်ကျန့် လူကြီးကိုချစ်တယ် လေးလေး။"

"မရဘူးးးကျန့်ကျန့်သူ့ကိုမချစ်ရဘူး"

"ဘာလို့ မချစ်ရမှာလည်း လေးလေး"

"ကျန့်ကျန့် သိရဲ့လား...အဲ့ဒီကျန့်ကျန့် စိတ်ဝင်စားနေတဲ့လူက တစ်ခုလပ် တစ်ယောက်ဆိုတာ..."

"ဟင်!!!!"

"ဟုတ်တယ်ဆရာကျန်းချန်က တစ်ခုလပ်တစ်ယောက်
သူ့အရင်အမျိုးသမီးက ရှန်ဟိုင်းရဲ့ no.1 ကျင်းgroup ရဲ့  အမွေဆက်ခံသူ ကျင်းမိန်ရွှမ်း ပဲ"

"အဲ့တာ...အဲ့တာ ကျန့်ကျန့် ဘာလုပ်ရမှာလဲ
လေးလေး    ဘာပဲဖြစ်ဖြစ် ခုအချိန်မှာ လူကြီးက လူလွတ်တစ်ယောက်ပဲလေ"

"ကျန့်ကျန့်က ခုအချိန်မှာ ဆယ်ကျော်သက်မို့ ခနတာ စိတ်ကစား နေတာပါ...ဒါကိုကျန့်ကျန့်မသိပေမယ့် လေးလေးသိတယ်"

"မဟုတ်ဘူး!!!!ကျန့်ကျန့်လူကြီးကို တကယ်ချစ်တာ ...လူကြီးသာ ပြန်ချစ်မယ်ဆိုရင် အတိတ်က အရာတွေအားလုံးကိုကျန့်ကျန့်မေ့ပြစ်ပေးနိုင်တယ်....."

"ကျန့်ကျန့်  ဘာပဲပြောပြော လေးလေးကတော့ ကိုယ်တူ နုနုထွဋ်ထွဋ်လေးကို   တစ်ခုလပ်တစ်ယောက်နဲ့မပေးစားနိုင်ဘူး ဒါပဲ!!!"

Only...(Completed)Where stories live. Discover now