အပိုင်း ၁၇(Uni+Zawgyi)

1.7K 141 0
                                    

Only...(Unicode)

ရှောင်းကျန့်တစ်ယာက် ဆိုင်ကနေ အိမ်ပြန်ရောက်သည်နှင့် အခန်းထဲသို့အမြန်ပြေးကာ ဝင်သွားလိုက်သည်။

ထို့နောက်ပြတင်းပေါက်နားသို့သွားကာ သူ့အားအိမ်ပေါက်ဝထိ လိုက်ပို့ပေးကာ ခုလက်ထိမပြန်သေးပဲ မတ်တပ်ရပ်ကြည့်နေသည့်  ဝမ် ကိုလိုက်ကာနောက်မှ ချောင်းကြည့်နေမိသည်။

ထိုအချိန်တွင် ကောင်းကျိုးမပေးသည့်လေက တိုက်ခတ်၍ လိုက်ကာမှာလွင့်သွားပြီး ဝမ်က သူချောင်းကြည့်နေတာကို မြင်သွားလေသည်။ဝမ်က သူ့ကိုရယ်ပြီး မျက်လုံး တစ်ဖက်မှိတ်ပြသွားလေသည်။

ရှောင်းကျန့်လည်း ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်ကာ ကုတင်ပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက်တွင်တော့......

"အားးး  ရော့ကွာ....ရော့ကွာ...ငါ့ကိုရင်ခုန်အောင်လုပ်ချင်ဦး...အင့်ကွာ... ရော့ကွာ..."

ရှင်းချန်တစ်ယောက် ကျန့်ကျန့်အခန်းထဲမှ အသံတွေကြောင့် တံခါးဖွင့်ပြီးဝင်ကြည့်လိုက်မိတော့ အိပ်ရာပေါ် တွင်ထိုင်ကာ ခေါင်းအုံးကို လက်သီးနဲ့ထိုးနေသည့် တူတော်မောင်...

"ကျန့်ကျန့်!!!!   ဘာလို့ခေါင်းအုံးကို လက်သီးတွေနဲ့ထိုးနေတာလဲ"

"ဟို...ဟို...အဲ့တာက... ခေါင်းအုံးပေါ်မှာ ပုရွက်ဆိတ် တစ်ကောင်  တွေ့လိုက်လို့ လေးလေး"

"အမ်....ပုရွက်ဆိတ်ကို လက်သီးနဲ့ ထိုးတယ်"

"ရားးးး လေးလေး ကိုယ့်အခန်းကိုယ်ပြန်တော့သွားးးးသွားး"

ရှောင်းကျန့် တစ်ယောက် လေးလေးကိုအခန်းပြင်တွန်းပို့ကာ တံခါးအမြန်ပိတ်လိုက်သည်။

ဟူး...နောက်တစ်ခါထပ်ပြီး အရှက်ကွဲပြန်ပြီ....

"ရားးးးးးဝမ်ရိပေါ်!!!"

ကုတင်ပေါ်က ဖက်လုံးကို ယူလိုက်ပြီး သူ့ယုန်သွားတွေနှင့် ကိုက်ပစ်လိုက်သည်။

နောက်နေ့တွင်တော့   ရှောင်ကျန့် ကိုက်၍ ပေါက်သွားသော ဖက်လုံးနှင့် ခေါင်းအုံးများကိုတွေ့ရပေလိမ့်မည်။

~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မနက်ခင်း၌...

"ကျန့်ကျန့်!!!!  ကျန့်ကျန့်!!! အိပ်ရာထတော့..."

Only...(Completed)Where stories live. Discover now