အပိုင်း ၄(Uni+Zawgyi)

1.8K 157 5
                                    

Only...(Unicode)

ထို့နောက်တွင်တော့ ကျောင်းသူများရဲ့
အားးးးးးးးရိပေါ်ကော အရမ်းမိုက်တာပဲ.... အရမ်းကြည့်ကောင်းတာပဲ....ဆိုသည့် အသံများသာ ပြည့်သွားလေတော့သည်။

ဒီမှာ လူတစ်ယောက်လုံး တိုက်မိမလို ဖြစ်သွားတာတောင်ဂရုမစိုက်ပဲ ဘာလို့ဝိုင်းပြီး ချီးကျူးနေလဲဆိုတာ ရှောင်းကျန့်တော့ တကယ်ပင် နားမလည်နိုင်....။

ထို့နောက်တွင်တော့ အော်နေသည့် ​ကျောင်းသူတွေထဲက တစ်ယောက်ကို မေးစမ်းကာ ကျောင်းအုပ်ကြီးရုံးခန်းကိုလာခဲ့ရတော့သည်။

~~~~~~~~~~~~~~~~~~~~

"ဒီကလေးက ကျောင်းသားသစ်ဆိုတော့ အတန်းပိုင်ဖြစ်တဲ့ ဆရာကျန်းချန်က ပဲ အတန်းလိုက်ပြပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်ပေါ့ ဟုတ်ပြီလား..."

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး ကျွန်တော် မိတ်ဆက်ပေးလိုက်ပါ့မယ်....
ဒါဆို ခွင့်ပြုပါဦးဗျ..... "

"ကဲကျန့်ကျန့်... ဆရာ့နောက်လိုက်ခဲ့နော်"

"ဟုတ်ကဲ့ လူကြီး"

"ကျောင်းမှာတော့ လူကြီးလို့ မခေါ်နဲ့ ဆရာလို့ပဲခေါ် ဟုတ်ပြီလား "
ကျန့်ကျန့်ဆံပင်တွေကိုကြောင်လေးလို ပွတ်သပ်ပေးရင်း ပြောလာတဲ့ လူကြီးကြောင့် လည်း ရင်ခုန်ရပါတယ်

"ဟုတ်ကဲ့ ဆရာ "
ထို့နောက်တွင်တော့ လူကြီးနောက်ကနေအတန်းဆီသို့ လိုက်လာခဲ့သည်။

"ကဲ....အားလုံးပဲ ဒါက ကျောင်းသားသစ်
ရှောင်းကျန်တဲ့"

"ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ် ကျန့်ကျန့်လို့လည်းခေါ်နိုင်ပါတယ်ဗျ"

"ကဲဒါဆို ရှောင်းကျန့်က လွတ်တဲ့နေရာ ဝင်ထိုင်လိုက်နော်"

"ဟုတ်ကဲ့"

ရှောင်းကျန့်လည်း အတန်းရဲ့ အလယ်လောက်မှာရှိတဲ့ လွတ်တဲ့ခုံတစ်ခုမှာဝင်ထိုင်လိုက်သည်။

"ဟယ် သူအဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်ဟဲ့......"

"အေး ငါတို့ရဲ့ ရေခဲကိုယ်တော် က သူ့ဘေးနားက ခုံမှာ ဘယ်သူ့မှထိုင်ခိုင်းတာမဟုတ်ဘူး "

Only...(Completed)Where stories live. Discover now