အပိုင်း ၁၂(Uni+Zawgyi)

1.5K 134 1
                                    

Only...(Unicode)

ရှောင်းကျန့် မနက်စာစားပြီးနောက် ဝမ် ရှိရာ ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

"ဝမ်...သွားကြရအောင်..ငါစားပြီးပြီ"

"အင်းးးသွားကြတာပေါ့"

"မား ဒါဆို သား သွားပြီနော်..မွ..မွ"

ရှောင်းကျန့် မားရဲ့ ပါးကို မွှေးကြူလိုက်သည်။ မားကဒီနေ့ နေ့လည် ပြန်တော့မှာမို့  ခုထဲက လွမ်းနေရပြီ။

"မားသားကိုရွာပြန်ရောက်ရင်ဖုန်းဆက်ဦးနော်  ခုထဲကကြိုမှာထားတာ"

"ဟုတ်ပါပြီ သားကျန့်လည်းဂရုစိုက်နော်"

"ဟုတ်မား တာ့တာ..."

"ဒါဆို ကျောင်းချိန်နီးနေပြီမို့ ကျွန်တော်တို့သွားတော့မယ်နော် ရှောင်းမား"

"အင်းးးသားဝမ် ဆိုင်ကယ်ဂရုစိုက်မောင်းသွားနော်..."

"ဟုတ်ကဲ့"

ရှောင်းကျန်ဆိုင်ကယ်ပေါ်တက်သည့်နှင့် ရိပေါ်လည်းကျောင်းသို့ ဦးတည်၍ မောင်းထွက်လာခဲ့လေသည်။

"ဝမ်...မင်းအချစ်ဆိုတာကို ဘယ်လိုမြင်လဲ"
ဆိုင်ကယ်နောက်မှထိုင်ရင်း သူ့ကိုမေးလာပါသောရှောင်း

ဘာအတွက်ကြောင့်မေးမှန်းမသိပေမယ့်ငါဖြေပေးမယ် ရှောင်း...

"အခြားသူတွေအတွက်မသိပေမယ့်  ငါ့အတွက်တော့ အချစ်ဆိုတာ သူရဲ့ပျော်ရွှင်မှုပဲ ရှောင်း...သူပျော်ရွှင်ရင် ငါလည်းပျော်ရွှင်ရသလို သူဝမ်နည်းရင်လည်း ငါနာကျင်ရတယ်...သူပျော်ရွှင်ဖို့အတွက်ဆိုရင် အရာအားလုံးကိုလုပ်ပေးနိုင်တယ်...သူပျော်ရွှင်ဖို့အတွက် ငါနာကျင်ပေးရမယ်ဆိုရင်တောင်  ပျော်ပျော်ကြီးနာကျင်ပေးမယ်...အဲ့တာငါ့ရဲ့အချစ်ပဲ..."

"ဝိုးးးးးရေခဲကိုယ်တော်ကြီးမှာလည်း အချစ်ရှိတာပဲလား...ငါက မင်းနှလုံးသား ကလည်း ရေခဲတုံးကြီး
ပဲထင်နေတာ"

ရိပေါ် ဘာမှပြန်မပြောတော့ပဲ ဆိုင်ကယ်သာ ဆက်မောင်းလာခဲ့တော့သည်။

(မင်းမသိပါဘူးရှောင်းး ရေခဲတုံးလို့ မင်းနောက်ပြောင်ပြောနေတဲ့ ငါ့နှလုံးသားကလည်း နာကျင်မှုတွေကို ခံစားတတ်တယ်ဆိုတာ...မင်းမသိပါဘူးရှောင်းး ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်ကို ချစ်နေတဲ့လူတစ်ယောက်ကိုမှ နှလုံးသားတစ်ခုလုံး နာကျင်ခံပြီး ရူးရူးမိုက်မိုက် ဆက်ချစ်နေမိတဲ့အကြာင်းတွေကို...)

Only...(Completed)Where stories live. Discover now