အပိုင်း ၅(Uni+Zawgyi)

1.8K 157 2
                                    

Only... (Unicode)

ဝမ်ရိပေါ် သူပြောတာကိုမကြား၍ ခေါင်းမော့ ကာ ပြန်မေး လာသောကောင်လေးအား
သေချာကြည့် နေမိသည်။

ဆေးအကူမပါ ပါပဲ ပန်းဆီရောင် သန်းကာလှပနေသောနှုတ်ခမ်းဖူးလေး ရဲဲ့အောက်မှာ မဟူရာစိန်တစ်လုံးနဲ့ပင် မှားယွင်းနိုင်လောက်တဲ့ မှဲ့နက်ကလေး ၊ စိန်ပွင့်လေးတွေစီခြယ်ထားသလားလို့တောင်ထင်မှတ်ရတဲ့မျက်လုံတစ်စုံနဲ့ ဆုံမိချိန်မှာတော့  လောကကြီး ရပ်တန့်သွားသလိုမျိုး ခံစားလိုက်ရသည်။
အဘယ်သို့သော နတ်ဘုရားတွေရဲ့ ကောင်းချီးတွေကိုရရှိလို့ အသက်ရှူမှားလောက်အောင်  ထိုလူသားက လှပနေရပါသနည်း။

"အဟမ်းးးးး"

သူကြည့်နေမိတာ    ဘယ်လောက်တောင်ကြာသွားသည်မသိ အလှလေးက ချောင်းဟန့်မှသာ အကြည့်ကိုအမြန်လွှဲလိုက်ရသည်။

သူ့ဘဝမှာ လူတစ်ယောက်ကို ဒီလောက်ကြာအောင် စိုက်ကြည့်နေမိတာ ဒါပထမဆုံးပင် ဖြစ် လိမ့်မည်။

ရေခဲကိုယ်တော်  အချေကိုယ်တော် ဟူသော image တော့စုန်းစုန်းမြုပ်ပါပြီ။

"ဒီမှာ !!!! မေးနေတယ်လေ
ခုနက ဘာပြောလိုက်တာလဲလို့... "

"ဟို....ဘာမှမဟုတ်ပါဘူး....လိုအပ်တာရှိရင် ကိုယ့်ကိုပြော အားမနာနဲ့လို့ ပြောတာ..."

"သြော်  အင်းပါ....ဒါနဲ့မင်းနမည်က"

"ရိပေါ်....ဝမ်ရိပေါ်....."

"ဟုတ်ပြီလေ ငါနမည်က ရှောင်းကျန့်...
ကျန့်ကျန့်လို့လည်း ခေါ်ကြတယ်"

"ငါမင်းကို ရှောင်း လို့ပဲခေါ်လို့ရမလား..."

"အင်းး ရတယ်လေ ဒါဆို ငါတို့ သူငယ်ချင်းဖြစ်သွားပြီနော်  ငါလည်းမင်းကို ဝမ် လို့ပဲခေါ်မယ်နော်"

"အင်းးးးး မင်းသဘော"
(ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်သံဟာ ရှောင်း ဆိုတဲ့ မင်းလေးကြောင့်ဖြစ်တည်လာခဲ့ပြီ ကိုယ့်အလှလေးရေ....)

"ဟဲ့....ဟဲ့...ကောင်မရေ ကြားလိုက်လား...."

"ရေခဲကိုယ်တော်က ထိုင်ခုံကနေမဖယ်ခိုင်းတဲ့အပြင် မင်းသဘောတဲ့...."

Only...(Completed)Where stories live. Discover now