အပိုင်း ၂(Uni+Zawgyi)

2.9K 173 3
                                    

Only...(Unicode)

"ဟက်...ကိုယ့်နမည်က ကျန်းချန်ပါ
ကောင်လေးနမည်ကရော ...."

"ကျွန်တော့် နမည်က ရှောင်းကျန့်ပါဗျ..."

ရှောင်းကျန့် ရှေ့ကလူကြီးကို စကားပြောဖို့တောင်မနည်းအားယူပြီး ပြောနေရသည် ။
သေချာတာကတော့ ကြောက်လန့်နေတာမဟုတ်ပဲ ရင်ခုန်နေ၍သာ ဖြစ်လိမ့်မည်။

ဆယ်ကျော်သက်အရွယ်မို့လားတော့မသိ ရင်ခုန်သံတွေက ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ဆူညံနေပေသည်။

"ကောင်လေးက အထုပ်အပိုးတွေနဲ့ဆိုတော့
ဘယ်ကိုသွားမှာလဲ.....
တစ်မျိုးမထင်နဲ့နော်...ကိုယ်က မင်းလမ်းပျောက် နေတဲ့ပုံ ပေါက်နေလို့ မေးကြည့်တာပါ...."

"ဟုတ်ကဲ့...ကျွန်တော် တကယ်လမ်းပျောက်နေတာ....ကျွန်တော်က ရွာကနေ ရှန်ဟိုင်း မှာနေတဲ့ လေးလေးဆီကိုလာတာ အဲ့တာ လိပ်စာ က ကျပျောက်သွားလို့ ဘယ်ကိုသွားရမှန်းလဲမသိတော့ဘူး ဒီရပ်ကွက်ထဲမှာလို့တော့ ထင်တာပဲ........"

"အမ်....ထင်တာပဲ တဲ့လား...."

"ဟုတ်တယ်လေ ဒါတောင်ကားပေါ်တုန်းက လိပ်စာကို နဲနဲလေး ဖတ်မိလို့ ရေးတေးတေး လေးမှတ်မိနေတာ"

"လိပ်စာက သိပ်မရှည်ဘူးမို့လား..."

"အင်းးးးး"

"ဒါများ အလွတ်ကျက်ခဲ့လိုက်ရင် ပြီးရော"

ကျွန်တော်က စာဆို မြင်ထဲက ကျက်ဖို့နေနေသာသာ ဖတ်ဖို့တောင် ခေါင်းမူးနေတာဗျ....."

"ဟင်းးးး
ကဲ....ထားပါတော့ ကောင်လေးရဲ့ဦးလေး နမည်ကိုပြော ဒီလမ်းထဲမှာဆို ကိုယ်သိနိုင်လောက်တယ်။"

ကျွန်တော့် လေးလေးရဲ့ နမည်က ရှင်းချန် တဲ့....လူကြီး သိလားဟင်...."

"အကိုရှောင်ရှင်းချန်ကို
ပြောတာထင်တယ် ဟုတ်ရဲ့လား"

"ဟာ လူကြီး သိတယ်လား ဒါဆိုလိုက်ပို့ပေးနော်......နော်လို့...."

"ဟုတ်ပါပြီကွာ....ကိုယ်လိုက်ပို့ပေးပါ့မယ်...လာ..."
~~~~~~~~~~~~~~
"ဗျို့ လေးလေးရေ......
လေးလေး ရှင်းချန်!!!!"

"ဟာ...ကျန့်ကျန့် ....
မင်းလာမယ်ဆိုတာနဲ့ လေးလေး မနက်ထဲကမျှော်နေတာ ခုပဲ ညနေရောက်တော့မယ်
လေးလေးတောင် မင်းပါပါးကို မင်းမလာဖြစ်တာလားလို့ ဖုန်းဆက်​မေးတော့မလို့ပဲ"

Only...(Completed)Where stories live. Discover now