Only...(Unicode)
အချိန်တွေကုန်လာလိုက်တာ ဘာလိုလိုနဲ့ ကျောင်းအားကစားပွဲတော်နေ့ကိုရောက်လာခဲ့သည်။
"ဟဲ့ ကျန့်ကျန့် နင် ဝမ်ရိပေါ်ကို သွားအားမပေးဘူးလား"
"ဇီယီရယ်နင် ပြောစရာတောင်မလိုဘူး
ဟိုမှာတွေ့လားရှောင်းကျန့်က ဝမ်ရိပေါ်အတွက် ရေဘူးနဲ့ ပုဝါ တောင် အဆင်သင့်ယူထားပြီးပြီ""ယွီပင်း ဒါတွေက ဝမ် အတွက်လို့ မင်းကိုဘယ်သူကပြောလို့လဲ"
"ဟမ်...ဝမ်ရိပေါ်အတွက်မဟုတ်ဘူးလား"
"ဟုတ်တယ်"
"အမလေး....ဒါများ ပြောနေရသေးတယ်"
"ကဲပါ စကားများမနေနဲ့ သွားမယ်"
"ဟုတ်ကဲ့ပါ အမောင် ကျန့်ကျန့်ခင်ဗျ"
သူတို့ ကွင်းထဲ ရောက်တော့ ပြိုင်ပွဲကစတော့မယ်။ပြိုင်ပွဲတွင် အသင်း လေးသင်းရှိသည်။အနီရောင်၊အပြာရောင်၊အဝါရောင်နဲ့အနက်ရောင်အသင်းတို့ဖြစ်သည်။
ဝမ်က အနီရောင် အသင်းဝင်ဖြစ်ပြီး အသင်းရဲ့ နောက်ဆုံးပန်းဝင်သူနေရာက ပြေးရမည့် သူလည်း ဖြစ်သည်။ဖြူဥနေတဲ့ အသားအရေပေါ်မှာ အနီရောင်အားကစား ဝတ်စုံလေး ဝတ်ထားသည့်ဝမ်က အခြားသူများထက် ပို၍ကြည့်ကောင်းနေသည်။နေရောင်ဖျော့ဖျော့လေးက ဝမ့်ကိုယ်ပေါ်သို့ ကျရောက်သောအခါ သူ့မှာ အသက်ရှူတောင်မှားမတတ််။
ထိုစဥ် ဘေးကကျောင်းသူလေးများရဲ့စကားသံများက တစ်စ တစ်စနှင့် ထွက်ပေါ်လာသည်။
"ဟဲ့...ဟဲ့ နင်တို့ကြားပြီးသွားကြပြီလား"
"ဘာကိုလဲ"
"အပြာသင်းက နောက်ဆုံးပြေးမယ့်တစ်ယောက် မူးလဲသွားလို့ သူ့နေရာမှ ဆရာကျန်းချန်က အစားဝင်ပြိုင်ပေးမှာတဲ့"
"အားးး ဟိုမှာ အပြာရောင် အားကစားဝတ်စုံလေးနဲ့ ဆရာကျန်းချန်...မိုက်လိုက်တာ"
"အနီရောင်လေးနဲ့ ငါတို့ရေခဲကိုယ်တော်လေးက မှ ပိုမိုက်တာပါနော် ဟွန့်"
ရှောင်းကျန့် ထိုကျောင်းသူလေးတွေ ပြောတဲ့စကားတွေကို ကြားပြီး နှာခေါင်းရှုံ့လိုက်မိသည်။ ဟွန့် ...ဘာကိုငါတို့ရေခဲကိုယ်တော်လဲ ငါရဲ့ ဝမ် ပါနော်...
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...