Only...(Unicode)
ဘာလိုလိုနဲ့ ရှောင်းကျန့် တစ်ယောက် ကျောင်းတက်တာ နှစ်ပတ်တောင်ကျော်ခဲ့ပြီ။
ဒီအတော အတွင်းမှာ သူငယ်ချင်းတွေ လည်း အများကြီးရခဲ့တယ်။မုန့်ဇီယီ ဆိုတဲ့ သာလိကာမ လေးလို စကား
တတွတ်တွတ် ပြောနေတတ်တဲ့ စပ်စလူးမလေးနဲ့လည်း အတော်ခင်နေပြီ။ကျောင်းရဲ့ အမွှေစိန် ၊ စော်တွေရဲ့ချဥ်ဖတ် ဆိုတဲ့ဂုဏ်ပုဒ်တွေ တစ်စီတစ်တန်း ရထားတဲ့ ယွီပင်းဆိုတဲ့ကောင် နဲ့လည်း သူငယ်ချင်းဖြစ်နေပြီ။
အထူးသဖြင့် ဝမ်....အင်းးး...ဝမ်ရိပေါ်.....သူကတော့ ကျွန်တော့်အတွက် မရှိမဖြစ် အထူးသူငယ်ချင်းလေး.......
ဝမ် ရဲ့ ပုံစံက ရေခဲတုံး လို့ခေါ်ရလောက်အောင် အေးစက်စက်နဲ့ စကားနည်း ပေမယ့် ကျွန်တော့် အပေါ်မှာတော့ အရိပ်တကြည့်ကြည့်နဲ့ အရမ်းကိုဂရုစိုက်တတ်သူပါ....
ဝမ် အတွက်လည်း ကျွန်တော့်ကအထူး သူငယ်ချင်းလေး ဖြစ်မယ်
ထင်ပါရဲ့။အချစ်ရေးကတော့ အင်းးးးး
လူကြီး မျက်နှာ တစ်ကမ္ဘာပါပဲလေ...ဟီးးးး
လူကြီးမျက်နှာပဲ လိုက်ကြည့်နေမိလို့
စာသင်ချိန်တွေမှာလည်း စာတစ်လုံးမှာမရဘူးးးဟဲဟဲ....အချစ်ဦးမို့ ရူးရပါသည်။လူကြီးရဲ့မျက်လုံးတွေမှာ သူ့ကိုမြတ်နိုးနေတဲ့အကြည့်တွေ ကိုလည်း သူရိပ်မိပါသည်။
ဒါကြောင့် မနက်ဖြန်တော့ သေချာပေါက်ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတယ်။
အရင်ဆုံးတော့ ဝမ် ကို တိုင်ပင်ကြည့်ရဦးမယ်။"ဝမ်...အတန်းပြီးရင် တစ်နေရာသွားကြရအောင်...ငါ ပြောစရာရှိလို့..ဟို... တိုင်ပင်စရာရှိတယ်ဆို ပိုမှန်လိမ့်မယ်။"
"ကောင်းပြီလေ....ဒါဆို ကိုယ်တို့ ဒီနားက ကော်ဖီဆိုင်ပဲသွားကြမယ်လေ"
"အင်းးးဝမ်"
"ဟဲ့ ကျန့်ကျန့်....ငါကိုရောပြောလို့မရဘူးလား...ဘာလဲ နှစ်ယောက်သား dateကြမလို့လားးး "
"ဟာ....ဇီယီ ဘာတွေပြောနေတာတုန်း ငါနဲ့ ဝမ်က သူငယ်ချင်းတွေလေ ဘာလို့ date ရမှာတုန်း....။ဒီတိုင်း တိုင်ပင်စရာလေးရှိလို့ပါ...ဇီယီလည်းလိုက်ခဲ့....ယွီပင်းကိုပါခေါ်ခဲ့လိုက် ဟုတ်ပြီလား...."
YOU ARE READING
Only...(Completed)
Fanfiction"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားနိုင်ပါ့မလား..... Start date - 1.5.2022 End date -21.5.2022 ~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျွန်တော်...