အပိုင်း ၁၆(Uni+Zawgyi)

1.7K 136 7
                                    

Only...(Unicode)

ရှောင်းကျန့်တစ်ယောက်  ကျောင်းမတက်တာ ၅ရက်ပင်ရှိသွားပြီ။ တကယ်တော့ ကျောင်းမတက်တာက  အသည်းကွဲနေတာကြောင့် မဟုတ်။ထိုနေ့က ကလေးလို နှပ်ချီးတွဲလောင်းနှင့် ဝမ်ရဲ့ ရင်ခွင်ထဲဝင်ငိုနေမိတာ ကိုရှက်၍ ကျောင်းမသွားခြင်းပင်။

သူ ဆရာကျန်းချန်ကို ချစ်ခဲ့ပါသည်။
ဒါပေမယ့် ဘာလို့ အရမ်းမခံစားရတာလည်း ဆိုတာကတော့ စဥ်းစားစရာတစ်ခုပင်။ထိုနေ့က သူငိုခဲ့မိတာမှန်ပါသည်။
ဒါပေမယ့် နောက်နှစ်ရက်လောက်ကြာတော့ အသည်းကွဲနေတယ်ဆိုတာကိုပင် မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီ။

"ငါဘာလို့ မခံစားရတာပါလိမ့်... တကယ်ချစ်မိတာ မဟုတ်လို့မျာလား...
လေးလေးပြောသလို စိတ်ကစားမိတာများလား"

ရှောင်းကျန်တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်မို့ ဘေးနားမှာ လေးလေးရောက်နေသည်ကိုတောင်မသိလိုက်။

"ကျန့်ကျန့် ဘာတွေတစ်ယောက်ထဲ
ပွစိပွစိပြောနေတာလဲ"

"မပြောပါဘူး လေးလေးရ"

အဲ့တာဆိုလည်း ဆိုင်မှာ လူရှင်းတုန်း
ခန နားဦးလေ...

ဟုတ်ပါသည်။ရှောင်းကျန့် လေးလေးရဲ့ကြက်ကြော်ဆိုင်မှာဝင်ကူ လုပ်ပေးနေခြင်းဖြစ်သည်။ဆိုင်နဲ့ အိမ်နဲ့က ၂လမ်းကျော်သာကွာသည်။ထို့ကြောင့် ရှောင်းကျန့်က စက်ဘီးနှင့်သာ ဆိုင်ကိုလာလေ့ရှိသည်။

Ring~~Ring~~Ring~~ 📲📲

ခေါ်ဆိုသူ အမည်မှာ ဝမ်ဆိုတာကို
တွေ့လိုက်ရတော့ ရှောင်းကျန့်
မျက်နှာက ရဲခနဲ...

"Hello...ဝမ်"

"ရှောင်း မင်းအခုဘယ်မှာလဲ ဆိုင်မှာလား.. အိမ်မှာလား"

"ငါခုဆိုင်မှာ..ဘာလို့လဲ မင်းလာမလို့လား"

"ဟုတ်တယ် လာမလို့"

ရှောင်းကျန့်တစ်ယောက် ဝမ် လာမည်ဆိုတာကြောင့် ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။

"ဟင်...တစ်ကယ်ပြောနေတာလား  ကျောင်းမတက်ဘူးလား"

"ကဲပါ စကားတွေများလိုက်တာ  ငါခုလာခဲ့မယ်...ယွီပင်းနဲ့ဇီယီလည်းပါတယ်"

Only...(Completed)Where stories live. Discover now