Double lucky choice
ချန်းယောလ် ကျောင်းဝန်းထဲဝင်လာရင်း ဘေးဘီကိုတစ်ချက်ကြည့်မိ၏။တီးတိုးပြောနေကြသော ကျောင်းသားအစုများကိုဟိုတစ်စုဒီတစ်စုတွေ့လိုက်ရ၏။ဘာအကြောင်းတွေ ပြောနေကြလဲဆိုတာတော့ ရှင်းပြစရာပင်မလိုတော့ပေ။ချန်းယောလ် မိမိတို့အိမ်သတင်းမှန်းအတပ်သိလိုက်မိပါ၏။
အထက်တန်းနောက်ဆုံးနှစ် class Aရှေ့မှာ ချန်းယောလ် တွေဝေစွာရပ်နေမိ၏။အခုလောက်ဆို မိမိ၏နတ်မိမယ်လေးလည်း အစအဆုံးသိလောက်ပေမည်။သူရဲ့ဂရုဏာသက်ခြင်းကိုချန်းယောလ်မခံချင်မိပေ။ချန်းယောလ် အတန်းရှေ့ကနေလှည့်ထွက်မည်ပြင်နေစဥ်
"ချန်း ...ဘယ်ကတည်းကရောက်နေတာလဲ မမကိုခေါ်လိုက်ရောပေါ့ ..."
ငြင်သာသိမ်မွေ့သောအသံနှင့်အတူလှပသောပုံရိပ်လေးက ချန်းယောလ်အနား နီးကပ်စွာရောက်ရှိလာ၏။အမြင့်ထုံးစည်းထားသောဆံနွယ်တွေကအခက်လိုက်ဖြာကျနေ၏။ကျောင်းဝတ်စုံကပင် သူ၏လှပကြော့ရှင်းမှုကို မဖုံးကွယ်ထားနိုင်ပေ။
ချန်းယောလ် ပြောစရာစကားများပျောက်ရှနေမိ၏။
"တအားစိတ်မကောင်းမဖြစ်ပါနဲ့ ။မမတော့ချန်းကိုယုံတယ်။ ပြန်ပြီး ချန်းကပြန်တည်ထောင်နိုင်မှာဆိုတာ အန်တီရော အဆင်ပြေရဲ့လား ။မမလာတွေ့ချင်ပေမဲ့ အဆင်မပြေလို့ပါ daddyကကူညီပေးမှာပါ
ချန်းရဲ့လက်တွေဆီကနူးညံတဲ့အထိအတွေ့ကိုရရှိနေမိ၏။သူကိုင်ထားတဲ့လက်တွေကိုချန်းငုံ့ကြည့်လိုက်ရင်း ခေါင်းညိတ်မိလိုက်၏။
"မ..ကျွန်တော်ကြိုးစားပါမယ် "
ချန်းယောလ်စကားကြောင့်ဒိုဟာနာပြုံးမိလိုက်၏။မိမိကိုင်ထားသောချန်းရဲ့လက်တွေကို လွှတ်ပေးလိုက်ပြီး မိမိထက်ရှည်နေသော ချန်းရဲ့ခေါင်းကိုလက်လေးနဲ့ဖွဖွလေးပုတ်ပေးလိုက်၏။
"ချစ်ဖို့ကောင်းတယ်"
ဟာနာကပြောပြီးသည်နှင့် အမြန်အခန်းထဲပြေးဝင်သွား၏။ချန်းယောလ်မှာသာရင်တထိတ်ထိတ်နဲ့ကျန်နေခဲ့ရ၏။အခု
မ...က ချစ်ဖို့ကောင်းတယ်လို့ချီးကျူးသွားတာမလားဟု ချန်းကိုယ် ကိုကိုယ်မနည်းပြန်မေးနေရ၏။နားရွက်တွေပင်ပူလာသလိုခံစားလိုက်ရ၏။