"မင်းဘာဆက်လုပ်မှာလဲ လု "
ပြတင်းအပြင်ကိုငေးကြည့်နေသော လုဟန်က ထောင်းကိုပြန်လှည့်ကြည့်လာ၏။ပြီးမှနှုတ်ခမ်းလှုပ်ယုံ အပြုံးသဲ့သဲ့တစ်ပွင့်ကိုစွန့်ကြဲလာပေသည်။ခေါင်းထက်ကဆံစတွေကိုထိုးဖွကာ မိမိဆီလျှောက်လာနေသောထောင်းကို တွေ တွေ လေးငေးကြည့်နေမိ၏။ဒီရက်ထဲ ထောင်းက ကျွန်တော်ကို လိုတာထက် ပိုဂရုစိုက်နေသလိုခံစားနေမိပေသည်။မျက်စိအောက်ကအပျောက်မခံ ဆိုတာမျိုးကို အခုမှကြုံဖူးပေတော့သည်။ကာယကံရှင် ကိုယ်တိုင်က သူ့ကိုယ်သူ့သတိထားမိလားတောင်မသိပေ။
"ငါ....ဖြစ်နိုင်ချေ တွေကိုစဉ်းစားထားတယ်။မင်းပြောသလိုပဲလေ ငါတို့က ခန့်မှန်းရုံလောက်ပဲမလား ။အွန်ဂျောင်းရောက်ရင် ငါတို့ကို ဂယောင်ဆူး ဖုံးထားတာတွေရှိဦးမလားသိရနိုင်တယ်။ငါသူ့ကိုစောင့်နေတာ "
ထောင်းစိတ်သဘောအရဆို ဒီစာအုပ်ကို အမြန်အဆုံးသတ်စေချင်ပြီဖြစ်သည်။ဒီကိစ္စထဲလုဟန် စိတ်နှစ်ထားသည်က အရင်စာအုပ်ရေးသည့်ပုံစံများနှင့် ခွဲထွက်ကာ စိတ်တအားနှစ်ထားလွန်းပေသည်။ဒီကလေးကို အခုလို တွေတွေဝေဝေမမြင်ချင်တော့ပေ။အရင်လို လန်းဆန်းတတ်ကြွစွာနဲ့သာ မြင်ချင်ပေသည်။
"ငါလဲ ကူစောင့်ပေးမယ် "
ထိုင်ခုံမှာဝင်ထိုင်နေသော ထောင်းက သူအိမ်သူရာလိုပင်။ဖုန်းပင်အကြည့်မပြတ်။လုဟန်လည်း စကားမများချင်သည့်အတွက်ကြောင့် ဘာမှမပြောဘဲ လွှတ်ထားလိုက်ပေသည်။အသံချွင်ချွင်မြည်သံတွေဆက်တိုက်ပေါ်လာသလို မိမိတို့ဝိုင်းဆီ စမတ်ကျစွာလျှောက်လာနေသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပေသည်။အရပ်5ပေ4လက်မသို့မဟုတ်ဒီထက်အနည်းငယ်တော့ ပိုရှည်လောက်ပေသည် ။ရုပ်ကအချောကြီးမဟုတ်ပေမဲ့ စူးရှသည့် အကြည့်တွေကလူကို ထိုးဖောက်မြင်နိုင်စွမ်းအပြည့်ရှိသလိုပင်။
နေဗီအပြာရှည်ကိုယ်ကျပ်အင်္ကျီက သူ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုမိုပံ့ပိုးပေးနေ၏။အချုပ်အားဖြင့်ဆိုသော် ထက်မြက်ပြီးဖော်ရွေမည့် မိန်းကလေးမျိုးပင်ဖြစ်ပေသည်။