စတင်ခြင်းတို့မည်သည်
ချန်းယောလ် ရဲ့ထူထဲသောမျက်ခုံး၊ဖြောင့်စင်းသောနှာတံနဲ့အတူ ထူထဲသောအပေါ်နှုတ်ခမ်းထက်အနည်းငယ်ပါးလွှာသော အောက်နှုတ်ခမ်းလွှာကိုအနီးကပ်တွေ့မြင်လိုက်ရ၏။စင်းကော့နေတဲ့မျက်တောင်တွေဟာ ယပ်တောင်သဖွယ်ဖြန့်ကျက်ညီညာနေ၏။လှိုင်းတွန့်ဆံပင်ကွေးတွေဟာထူထဲသောမျက်ခုံးပေါ်အတိဝဲကျနေ၏။
ဂျောင်ဆူးမျက်ဝန်းတွေစေ့စေ့မှိတ်ထားသူကိုသေချာကြည့်နေမိ၏။ချန်းယောလ် ထပ်တူကျမိသောနှုတ်ခမ်းတစ်စုံကြောင့် ခြေဖျားများပင်အေးစက်သွားရ၏။သိသိချင်းပင် မျက်ဝန်းတွေကိုဖိမှိတ်ပစ်လိုက်၏။ဒေါသအိုးမပေါက်ကွဲခင်မိမိဘက်ကကြိုဟန်ဆောင်မှသာ တော်ရာကျပေလိမ့်မည်။မဟုတ်ရင် အသက်နဲ့ကိုယ် အိုးစားကွဲနိုင်ပေသည်။ချန်းယောလ် ခါးကိုပိုမိုတိုးဖက်လိုက်ရင်း ထူပူနေသောခေါင်းကိုအနည်းငယ်ယိမ်းကြည့်လိုက်၏။ဂျောင်ဆူးကချန်းယောလ်ရဲ့လက်တွေကိုဖြုတ်လိုက်ပြီး ကပျာကယာထလိုက်၏။လှဲနေသေးသော ချန်းယောလ် ကို ခြေထောက်ဖြင့် တစ်ချက်နှစ်ချက် ထိကာထဖို့အချက်ပြလေ၏။
ချန်းယောလ်မျက်ဝန်းတွေကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး ဘေးနားမှာရပ်နေတဲ့ဂျောင်ဆူးကိုကြည့်လိုက်မိ၏။
"ဘာလို့လှမ်းဖက်တာလဲ "
ဂယောင်ဆူးရဲ့စကားကြောင့် ချန်းယောလ်ကသူ့ခေါင်းအနောက်ကိုလက်ဝါးဖြင့် ပွတ်သပ်ရင်းထထိုင်လာ၏။
"ငါသာမင်းခါးကိုလှမ်းမဆွဲခဲ့ရင် မင်းအခွက်နဲ့ ကြမ်းပြင်နဲ့ရိုက်လို့ သွား ၃၂ချောင်းကျွတ်ထွက်သွားမှာ
တစ်ဘဝလုံးဆန်ပြုတ်ပဲသောက်သွားရလိမ့်မယ် အဘိုးကြီးလေးဖြစ်ရောပေါ့ကွာ "ပတ်ချန်းယောလ် မိမိအတွေးဖြင့်မိမိပြုံးမိသွား၏။
ဂျောင်ဆူး ဟိုကိစ္စကိုအစမဖော်ချင်သဖြင့် ပြုတ်ကျနေတဲ့စာအုပ်တွေနဲ့ဖန်ဂေါ်လီလုံးတွေကိုပဲအမြန်လွယ်အိတ်ထဲကောက်ထည့်ကာ ထွက်သွားဖို့ပြင်မိတော့၏။ကျောပိုးအိတ်လွယ်ပြီး ဓါတ်လှေကားဆီဝင်ဖို့ပြင်နေတုန်း မှာပင်