"ဘာပြောတယ် ငါဒီလောက် နေရာအတိအကျပြောပြပေးလိုက်တာတောင် မင်းက ....ငါသွေးတတ်ပြီးသေတော့မှာပဲ မင်း အဲ့လောက်တောင်ဒူရလား "
ကင်ဂျုံအင် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကိုသာ ကုတ်လိုက်မိတော့သည်။အ ရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေသော ကင်ဂျုံအင်ကို ပတ်ချန်းယောလ်ကြောင်တောင်တောင်မျက်ဝန်းတွေနှင့်ပြန်ကြည့်လာသည်။
မနက်အစောကြီး လာပွမ်နေသောကင်ဂျုံအင်ကို
ချန်းယောလ် စိတ်ရှုပ်စွာကြည့်မိလိုက်သည်။ညကပရောဂျက်ကိစ္စကြောင့် အိပ်ရေးမဝသေးတာတောင် သူနဲ့တွေ့မှ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရတော့သည်။"ငါပြောတယ်လေ ။သူ့တို့ချိန်းတွေ့တာပျက်သွားတယ်လို့ ပြီးတော့ ငါအခုတလော application ကိစ္စနဲ့တောက်လျှောက် အလုပ်ရှုပ်နေတာ အတန်းချိန်တောင်မှန်အောင်မတတ်နိုင်တော့ဘူး "
မျက်ဝန်းဟောက်ပက်နဲ့ပတ်ချန်းယောလ်ပုံက တကယ်ကိုအိပ်ရေးပျက်တဲ့ညတွေ များနေပုံပင်။
ချန်းယောလ် ကော်ဖီခရားကိုငှဲ့လိုက်ပြီး ဘယ်နှစ်ခွက်မှန်းမသိတော့သော ကော်ဖီကိုစတင် သောက်လိုက်မိ၏။လူလည်း ပန်ဒါမျက်ဝန်းတွေနဲ့နင်လားငါလားဖြစ်နေတော့သည်။
ဆံပင်တွေရှုပ်ပွကာ တွန့်ကြေနေတဲ့အဝတ်အစားတွေနဲ့ ချန်းကိုကြည့်ပြီး ဂျုံအင် သက်ပြင်းသာချမိတော့သည်။ပတ်ချန်းယောလ် ရှေ့ဂျုံအင် ဝင်ထိုင်လိုက်ပြီး"မင်းဘိုးအေ ကဒီနေ့ပဲဟယ်ရာ နဲ့ရုပ်ရှင်သွားကြည့်တယ်။ချန်း မင်းရဲ့ဦးနှောက်က ကြက်စားသွားတာတော့ မဟုတ်ဘူးမလား ။ဒီလောက်ကွက်တိလုပ်ပေးတာတောင် မင်းကတကယ် ငါးဆားနူပဲ "
ကင်ဂျုံအင် ရဲ့စကားတွေကို မကြားရအောင်
ချန်ယောလ် နားကိုပိတ်ထားလိုက်ပြီး မျက်လုံးပါမှိတ်ထားလိုက်တော့သည်။"နားငြီးတယ် ။မင်းကတကယ်ကိုလာရှုပ်နေတာပဲ။ငါဘာလုပ်တတ်မှာလဲ သူ့ဖွင့်ပြောလို့ ငါအထိုးခံရရင် မင်းတာဝန်ယူမှာလား ။ငါကိုပဲပြောမနေနဲ့ မင်းတောင် ဂျွန်မြောင်နား နာရီဝက်လောက်နေလို့ရလို့လား "