ရုတ်တရက်ကြီး စားပွဲမှာ အလောတကြီး ဝင်ထိုင်လာသူကြောင့် စာအုပ်ဖတ်နေသည့် ဂျောင်ဆူးပင် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိ၏။အလောတကြီးဝင်လာသူက ပါးချိုင့်တွေပေါ်လာသည့်အထိ ပြုံးပြနေပေ၏။
"ဂျောင်လေး စားဖို့ ကိုယ်ဝယ်လာခဲ့တာ ဂျောင်လေးစပရိုက်ဖြစ်သွားတယ်မလား "
ချန်းယောလ် ၏ ဂုဏ်ဆာနေသည့်အမူအရာက အထင်အရှား ထွက်ပေါ်နေ ပေသည်။
ဂျောင်ဆူးသူ့လက်ထဲက ဘလူးဘယ်ရီသီးတွေကို ငေးကြည့်ရင်း
ယောလ်ကို အကြောင်းမဲ့စိုက်ကြည့်နေလိုက်မိ၏။လက်ထဲက စာအုပ်ကိုချလိုက်ပြီး သူ့လက်ထဲက ဘလူးဘယ်ရီသီးတွေကို အသက်မပါစွာကြည့်လိုက်မိသည်။မနေ့ကကိစ္စကြောင့် ခေါင်းရှုပ်နေသည်ကို ဒီအသီးကြောင့် စိတ်ထဲ ပိုပြီးရှုပ်ထွေးလာမိသည်။"ငါ့အတွက်လား "
ကြောင်အနေသည့်အကြည့်များနှင့် ထပ်တူပြန်မေးလာသော ဂျောင်ဆူးကြောင့် ချန်းယောလ်ပင် အပြုံးများ ပျောက်ပျက်သွား မိ၏။လက်ထဲကအသီးထုပ်ကို ပြန်ကြည့်မိလိုက်ရင်း ခေါင်းညိတ်ပြမိလိုက်သည်။ညကအမူးလွန်ပြီး အိပ် ပျော်သွားသည်မို့ ဂျောင်လေးဘယ်အချိန်ပြန်သွားသလဲပင်မသိလိုက်ရပေ။အိပ်ရာထဲလိုက်ပို့သည့်အထိပဲ မှတ်မိခဲ့တာဖြစ် ပေသည်။ဒါကြောင့် ကျောင်းကိုလာရင်း လမ်းမှာ ဘလူးဘယ်ရီကိုရအောင်ဝင်ဝယ်ခဲ့ခြင်းဖြစ်ပေသည်။သို့ပေမဲ့ ဂျောင်ဆူး မျက်နှာက တစ်ခုခုကိုအတွေးများနေသည့်ပုံပင်။
ဂျောင်ဆူးသူ့လက်ထဲကအသီးအိတ်ကိုလှမ်းယူလိုက်ရင်း သက်ပြင်းတစ်ချက်ကိုခိုးချမိ၏။မျက်နှာကိုလဲ အတတ်နိုင်ဆုံးပြောင်းလဲလိုက်၏။တစ်ချို့အရာတွေက ဒီအတိုင်းဖြတ်ကျော်သွားသည်က စကားနည်းရန်စဲသက်သာပေသည်။မကျေနပ်တာတွေပဲတွေးနေမည်ဆိုလျင် ကျေနပ်စရာတွေက ပျောက်ကွယ် သွားပေလိမ့်မည်။
"ယောလ်....ကျေးဇူးပဲနော်"
ပြုံးကာပြောလာသည့် ဂျောင်ဆူးကြောင့် ချန်းယောလ်စိတ်ထဲတစ်ထင့်ထင့်ဖြစ်နေတာပင် ပြေပျောက်သွားရ၏။အခုမှပဲ အသက်ကိုဝအောင်ရှူနိုင်တော့ပေသည်။ချစ်ရသူ၏ ပါးဖောင်းဖောင်းလေးကို လက်ဖြင့်ခပ်ဖွဖွဆွဲလိုက်မိ၏။