"ကျွန်တော်ပို့ထားတဲ့သတင်း အချက်အလက်တွေကို ခင်ဗျား သဘောမှကျရဲ့လား "
စပီကာမှပျံ့လွင့်လာသည့်ရန်စသလို စကားများကြောင့် ကြည့်လက်စ ဖိုင်ကို အဆုံးသတ်လိုက်မိ၏။မထင်မှတ်ဘဲ နားထင်ကိုလက်ညိုးဖြင့် ခပ်ဖွဖွနှိပ်လိုက်မိသည်။မျက်မှန်ကိုင်းကိုချွတ်လိုက်ကာ မျက်လုံးကို
ခဏတာ ခပ်ဖွဖွမှိတ်လိုက်မိ၏။အာရုံထဲဝယ် ပေါ်လာသည့် ချစ်ရသူ၏အပြုံးသဲ့သဲ့ကြောင့် နှုတ်ခမ်းလှုပ်ယုံ ပြုံးမိလိုက်သည်။ဒီလူက တော့ သွေးမစမ်းသင့်
သည့်လူကို လာသွေးစမ်းနေသလိုပင်။တစ်ဖက်လူ၏အသက်ရှုသံသဲ့သဲ့ကိုပင် ဖုန်းထဲကနေအတိုင်းသားကြားနေရ၏။"ဟွန်း.....မင်းပို့လာတဲ့ ပုံတွေက ကွာလတီမမှီတာကို ငါက ဘာလုပ်ရမှာလဲ ....ငါ့ကိုဒါက စိတ်လှုပ်ရှားစေမယ်လို့ မင်း အခုတွေးထားတာလား "
တစ်ဖက်လူက လုံးဝ မမျှော်လင့်ထားသည့်အတိုင်းရုတ်တရက် တိတ်ဆိတ်သွားပေသည်။ပြီးမှ ခြောက်ကပ်ကပ်ရယ်သံက စပီကာမှတစ်ဆင့်ပျံ့လွင့်လာ၏။
"ခင်ဗျားက ထင်ထားတာထက် နွားဆန်သားနော် ......"
တစ်ဖက်လူ၏ခနဲ့စကားကြောင့် သူ့လက်မှအကြောများထောင်ထလာမိသည့်အထိ လက်သီးကိုဆုပ်လိုက်မိ၏။ဒါပေမဲ့လည်း ဟန်မပျက် ရယ်လိုက်မိသည်။အခု ဘယ်သူက ကိုယ့်ကိုလှောင်ရဲတာလဲ။ဒီလူက မဆွသင့်သည့်အနာကို လာဆွနေပေသည်။မျက်လုံးသားတွေကချက် ချင်းနီရဲတတ်လာ၏။ဒီလူကတော့ တကယ်ကို သေချင်နေပြီထင်ပေသည်။
"ဒီမှာ ငါနွားဆန်တယ် မဆန်ဘူးဆိုတာ ငါ့အလုပ်....မင်းကိစ္စမပါသလို မင်းစိတ်ပူစရာလည်းမလိုဘူး။ပြီးတော့ မင်းပို့ပေးတဲ့ပုံတွေက တကယ်ကိုလှသားပဲ ။ ဒါပေမဲ့နောက်တစ်ခါဆို ကိုယ့်ကောင်လေးမျက်နှာဘက်ကသေချာရိုက်ပေးဖို့တော့ပြောချင်တယ်။ ကိုယ့်ကောင်လေးက ဘေးတိုက်လည်းချောပေမဲ့ အရှေ့ကရိုက်ရင်သူ့ရဲ့မျက်ဝန်းတွေနှုတ်ခမ်းတွေကပိုလှ
တယ် ။မင်းမှာကြည့်တတ်တဲ့မျက်လုံးတွေမပါဘူးထင်လို့ အကြံပေးတာ "