ဂျောင်ဆူးမာဖလာရွေးနေရင်း ကြည်ပြာရောင် မာဖလာလေးကိုတွေ့လိုက်ရ၏။မာဖလာလေးကိုကောက်ကိုင်လိုက်ပြီးသေချာဖြန့်ကြည့်မိလိုက်၏။ရိုးရှင်းသောပုံစံလေးမို့ အွန်ဂျောင်းသဘောကျမည်မှန်းတန်းသိမိလိုက်၏။ဂျောင်ဆူးမာဖလာတန်ဖိုးပေးချေလိုက်ပြီး စာအုပ်ရွေးနေသောအွန်ဂျောင်းအနားတိုးကပ်သွားမိ၏။
"အခုထိရွေးလို့မပြီးသေးဘူးလား ။ ဒီလိုပုံစံနဲ့ နင့်ကိုကြိုက်တဲ့သူတွေတောင်ရှိပါ့ဦးမလား။အမြဲသူများတွေအတွက်ပဲတွေးမနေတော့ဘဲ ကိုယ့်ကိုကိုယ်လဲဂရုစိုက်ပါဦး "
ဂျောင်ဆူးကိုတစ်ချက်ပြန်ကြည့်ပြီးသူကသဘောတကျပြုံးရယ်လာ၏။
"ငါချစ်သူရသွားရင် နင်တို့ထိုင်ငိုနေရမှာ တစ်ခုခုဆို အွန်ဂျောင်းရေဆိုပြီး ရင်လာဖွင့်လို့ရတော့မှာမဟုတ်ဘူး။ငါ့ကိုကိုအတွက်ပဲအချိန်ပေးမိနေလို့လေ "
ဂျောင်ဆူးရယ်လိုက်မိရင်း သူ့ခေါင်းကိုခပ်ဖွဖွထုမိလိုက်သည်။
"ဘယ်ဆီနေမှန်းမသိတဲ့ချစ်သူကိုများကိုကိုတဲ့ ဝေါ့ စိတ်ကူးယဉ်မှုကြီးကတော့ ။ဒီဘက်လှည့်ဦး "
ဇဝေဇဝါဖြစ်နေပုံရသော အွန်ဂျောင်းကဂျောင်ဆူးဘက်လှည့်လာလေသည်။မိမိကိုမာဖလာပတ်ပေးနေသော ဂျောင်ဆူးကြောင့် အွန်ဂျောင်းအံ့ဩသွားရ၏။
"ရုတ်တရက်ကြီး ကြင်နာနေပါလား။ငါကြောက်တောင်ကြောက်လာပြီ "
သူလုပ်ပြတဲ့အမူအရာကြောင့်ဂျောင်ဆူးရယ်မိလိုက်သည်။
"ကျေးဇူးပဲနော်။ ငါ့တစ်ချို့ကိစ္စတွေကိုအရဲစွန့်လုပ်ခဲ့ရတာဆိုပေမဲ့ နင်ကတော့ငါ့ဘေးကနေဘယ်တော့မှထားမသွားမယ့်သူဆိုတာယုံကြည်လို့ ။ပြီးတော့ ငါ့အချစ်ရေးကိစ္စကိုလဲသေချာအကြံဉာဏ်ကောင်းတွေပေးလို့ လက်ဆောင်ပါ တန်ဖိုးတော့သိပ်မကြီးပေမဲ့ ရင်ထဲကမေတ္တာတွေနဲ့ ဝယ်ပေးတာ နင်ကြိုက်တဲ့အပြာလေး "
အွန်ဂျောင်းမာဖလာလေးကိုသေချာကြည့်လိုက်ပြီး
"သေချာရွေးထားတာပဲ။ငါသဘောကျတယ်။ ဂျောင်ဆူးငါသဘောကျဆုံးကလေ အပြင်ပန်းမှာနင်ကမာ ကျောသယောင်ထင်ရပေမဲ့ တကယ်အတွင်းစိတ်ကဝါဂွမ်းလိုနူးညံ့တဲ့သူပဲ ။ငါတွေ့ဖူးတဲ့ယောက်ျားတွေထဲမှာတော့ နင်ကယောက်ျားပီသသူပဲ။"
YOU ARE READING
i love one that is you
Roman d'amourအစမှတ်နဲ့ အဆုံးမှတ်ဘယ်မှာထပ်တူညီလိမ့်မလဲ သိချင်မိတယ်