ပတ်တီးအဖွေးသားနှင့် ကုတင်ပေါ်လဲလျောင်းနေသော လူသားကို ဂျောင်ဆူးငေးကြည့်မိသည်။ဖြူ ဖျော့နေသော အသားအရည်က ဂျုံအင်ကိုပိုပြီး အားမရှိတော့ သယောင် ထင်မှတ်စေသည်။လက်ထဲက
မမ်မိုရီစတစ်လေးကို ဂျောင်ဆူးအသာလေးငုံ့ကြည့်မိသည်။ကားပါကင်က CCTVမှတ်တမ်းကိုယူပြီးဖျက်ဆီးဖို့ အတွင်တွင်မှာနေသော kaiက သတိလစ်သွားသည့်နောက်မှသာ ပြောတာရပ်သွားတော့သည်။"ဘယ်လိုဖြစ်တာလဲ "
ဒရောသောပါးပြေးလာပုံရသော ဘက်ခဟျွန်းက အသက်ရှူသံပင်မောဟိုက်နေ၏။ဂျောင်ဆူးဘက်ခဟျွန်းကို ဖက်လိုက်ပြီး ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးမိသည်။
"အခုထိ သတိမရသေးဘူးလား။ဘယ်ခွေးသားက ငါတို့kaiကိုဒီလိုလုပ်သွားတာလဲ။ငါကြားကြားချင်းပြန်လာခဲ့တာပဲ ။အဲဒီကောင်တွေကို မထိသင့်တဲ့သူကိုလာထိရင် ဘယ်လိုခံစားရမယ်ဆိုတာ သိသွားစေရမယ် "
ဒေါသတကြီး ပြောနေသောဘက်ခဟျွန်းကြောင့် ဂျောင်ဆူးပြုံးမိသည်။အိမ်ကမိဘတွေနယ်နှင်ဒဏ်ပေးထား၍ကနေဒါရောက်နေသည်တိုင် kaiသတင်းကြားသည်နှင့် အမြန်ပြန်လာခဲ့ပုံပေါ်ပေသည်။
"တစ်ရက်လောက်မေ့နေတာ။ဆရာဝန်ကတော့ စိုးရိမ်စရာမရှိဘူးပြောတယ်။သူ့အိမ်ကိုအကြောင်းမကြားထားဘူး။kaiသဘောထားအလိုအရ ။အခုနလေးကမှဆေးရှိန်နဲ့ပြန်အိပ်ပျော်သွားတာ "
ဘက်ခဟျွန်းအနွေးထည်ကို ထိုင်ခုံပေါ်ပစ်ချလိုက်ပြီး ဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်သည်။နဖူးမှဆံပင်တွေကိုသပ်တင်လိုက်ရင်း တည်ငြိမ်နေသည့် ဂျောင်ဆူးကို အားမလိုအားမရကြည့်လိုက်မိသည်။
"ဘာလို့ အခုထိမလုပ်ရှားသေးတာလဲ ။"
ဘက်ခဟျွန်းရဲ့အကြည့်တွေကိုဂျောင်ဆူးရှောင်လွဲလိုက်ပြီး လက်ထဲက စတစ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
"ငါ အဖြေကိုစောင့်နေတာ "
တံခါးဖွင့်သံနှင့်အတူ ချန်းယောလ် ကဝင်လာခဲ့ေလသည်။ဘက်ခဟျွန်းကိုမြင်လိုက်ရသည်မို့
ချန်းယောလ်အံဩမိသွားသည်။ လက်ထဲက ကြက်သားဆံပြုတ်ဘူးကိုစားပွဲပေါ်ချထားလိုက်ပြီး အိတ်ထဲကဖိုင်တွေကို ဂျောင်ဆူးကိုပေးလိုက်သည်။ဂျောင်ဆူးချန်းယောလ်ဆီကဖိုင်ကိုလှမ်းယူလိုက်ပြီး စာချုပ်ကိုသေချာစစ်ဆေးကာ ခေါင်းညိတ်ပြလိုက်သည်။