လေတဖြူးဖြူးတိုက်ခတ်နေသည်မို့ အပင်ပျိုတွေကယိမ်းနွဲ့နေလေ၏။သစ်ရွက်လေတိုးသံနှင့်အတူ ကျေးငှက်သာရကာများ၏ ဟစ်ကြွေးသံများကို ရံဖန်ရံခါကြားနေရ၏။
အား...ကျွတ်...ကျွတ်....
စုတ်သပ်သံနှင့်အတူ ချန်းယောလ် မျက်နှာရှုံ့မဲ့သွားရ၏။မျက်နှာပေါ်ရောက်ရှိလာသော လေအေးအေးကြောင့် ချန်းယောလ် မျက်ဝန်းတွေဖွင့်မိလိုက်၏။
နှုတ်ခမ်းချွန်ကာ လေမှုတ်ပေးလာသော ဂျောင်ဆူး၏မျက်နှာက နီးကပ်လွန်းနေ၏။သူ့ရဲ့ပါးပြင်ထက်ကအမွှေးနုနုသေးသေးလေးတွေပါမြင်ရသည့်အထိဖြစ်၏။စင်းကော့နေတဲ့မျက်တောင်စိပ်စိပ်တွေဟာ မျက်တောင်ခတ်လိုက်တိုင်း လှပစွာ လှုပ်ရှားသွား၏။
"နာတယ်..."
ဆေးထည့်ပေးလာသောသူကတစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်ကိုဂွမ်းနဲ့ဖိပွတ်လာ၏။
*အာ့*"ဆေးထည့်ပေးနေတာပဲ ကျေးဇူးတင်စမ်းပါ ။ဘာကိုနာတယ်လဲ။မင်းက ကလေးလေးလား။5နှစ်သားလေးလား။တိတ်တိတ်နေ ဆက်ပြီးအသံထွက်လာရင် ငါ မင်းမျက်နှာပေါ် အရက်ပြန်တစ်ဘူးလုံးမှောက်ချလိုက်မှာ "
တကယ်လုပ်မည့်ပုံပေါ်လေသောကြောင့်ပတ်ချန်းယောလ် မကျေနပ်စွာ ကြည့်မိလိုက်သည်။
"စောင်ကြည့်မနေနဲ့ မင်းနဲ့မတွေ့ခဲ့ရင် ငါအခုချိန်ကလပ်မှာနှပ်နေလို့ရပြီသိလား ။ အခုတော့ အိုကြီးအိုမကို လာပြုစုနေရတယ် ။အခုထိ ကိုယ့်ဘာသာလုပ်နိုင်တာ ဘာမှမရှိဘူး။ ရန်ဖြစ်တိုင်းလည်း အမြဲအထိနာနေတော့တာပဲ မင်းခြောက်နေတာတော့မဟုတ်ဘူးမလား "
ဆေးထည့်ပေးလိုက်ဆူလိုက်လုပ်နေသောသူကြောင့် ချန်းယောလ်မှာစပ်နေနာနေသည့်ကြားကပင်နားပါပူနေရပေသည်။ဒိုဂျောင်ဆူးကတော်တော်ပွားနိုင်တာပဲဟုသိလိုက်ရ၏။တကယ်မလွယ်ကြောပင်။
"စိတ်မပူနဲ့ ငါခြောက်နေရင်တောင် မင်းကိုပဲရအောင်ယူပြမှာမို့ မင်းကိုငါ့မိန်းမလုပ်ပစ်မှာ ငါ့ကိုနောက်တစ်ခါgayတယ်ပြောလို့ကတော့ မင်းကိုငါသည်းခံမှာမဟုတ်တော့ဘူး"
ချန်းယောလ်ကလွယ်အိတ်ကိုထယူပြီး ဂျောင်ဆူးရှေ့ကနေထလိုက်၏။အကြောင်းမဲ့ဂွမ်းကိုစိုက်ကြည့်နေတဲ့ဂျောင်ဆူးက အရင်လိုလက်မပါလာဘဲ
စိတ်လွင့်နေပုံပေါ်၏။