လမ်းလျှောက်နေရင်း ဘေးနားကလူကို ချန်းယောလ် အမှတ်တမဲ့စိုက်ကြည့်မိလိုက်သည်။မိမိထက်ခေါင်းတစ်လုံးစာနိမ့်သော ထိုလူသားလေးက ချန်းယောလ်ကိုပြုံးကာပြန်ကြည့်လာ၏။ထိုလူ၏ မျက်ဝန်းလေးများက စိန်တစ်ပွင့်နှယ် တဖျက်ဖျက် တောက်ပရွှန်းလဲ့ နေပေသည်။မျက်တောင်တဖျက်ဖျက်ခတ်နေသော်လည်း လှပသောမျက်တောင်တိုစိပ်စိပ်တို့က နက်မှောင်သော မျက်ဝန်းတို့ကိုစီခြယ်ပံ့ပိုးပေးထားပေ၏။
သွယ်ယှက်ထားသောလက်တစ်စုံကို
ချန်းေယာလ် ငုံ့ကြည့်မိလိုက်၏။
ချန်းယောလ် လက်ကို ဖြည်းညင်းစွာ ဆွဲမြှောက်လိုက်ရင်း ထပ်တူပါလာသည့် ဂျောင်ဆူး၏ လက်ကိုခပ်ဖွဖွအနမ်းပေးလိုက်မိသည်။
ရပ်တန့်သွားသောခြေလှမ်းတို့နှင့်အတူ ဂယောင်ဆူးက မယုံနိုင်သလိုပြန် ကြည့်လာပေ၏။"ချန်း "
ခပ်ဩဩအသံကချန်း၏ နစ်မြောနေသည့် အသိစိတ်ကိုလှုပ်ခတ်လာစေ၏။အီထယ်ဝန်းလမ်းမပေါ်လူသူထပ်နေသည့်အတွက်ကြောင့်သာ ချန်း၏အပြုအမှုကမထင်ရှားခဲ့တာဖြစ်ပေသည်။အားလုံးက ကိုယ်အာရုံနှင့်ကိုယ်သာရှိနေကြလေသည်။
"မကြိုက်ဘူးလား မင်းရုပ်က မကျေနပ်တဲ့ရုပ်နဲ့ "
နှုတ်ခမ်းေထာ်လာ ကာ အေးစက်စက် စကားသံကအထင်းသားထွက်ပေါ်လာေလသည်။ ဂယောင်ဆူး ခပ်ဖွဖွရယ်မိလိုက်ပြီး လက်ကိုသာ ခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိသည်။
"အင်း ။ ငါ တကယ် မကြိုက်ဘူး။ ပတ်ချန်းယောလ် ဘယ်သူငယ်ချင်းကလက်နမ်းလိုက်လက်ကိုင်လိုက်လုပ်လို့လဲ။ယုတ်စွအဆုံး လမ်းလည်ခေါင်မှာဆွဲနမ်းတာတို့ ဘာတို့လုပ်ရမှာမဟုတ်ဘူးလား။မင်းဒိတ်အောက်နေတယ်လို့ မထင်မိဘူးလား "
ရုပ်တည်ကြီးနဲ့ပြောချလာသောသူကြောင့် ဒီတစ်ခေါက် ပြန်ကြောင်သွားရသူက ချန်းယောလ် ဖြစ်ခဲ့ရပေသည်။ချန်းယောလ် ခေါင်းကိုခပ်ဖွဖွကုတ်မိလိုက်ပြီး အရှက်ပြေရယ်မိလိုက်သည်။တကယ်ပါပဲ။
ဒိုဂျောင်ဆူးက လူကိုအမျိုးမျိုးပြုစားနိုင်ပေသည်။တကယ်ကို တစ်နေ့ထက်တစ်နေ့ ပိုမိုဆွဲဆောင်လာပေသည်။